ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဝန်ထမ်းရေးရာ၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးကျင်းပရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တက်ရောက်


 

နေပြည်တော်   ဇွန်   ၂၈
ဟိုတယ်နှင့်     ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဝန်ထမ်း ရေးရာ၊   ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊  ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး စည်းမျဉ်း စည်းကမ်းများကို လိုက်နာဆောင် ရွက်ရန်နှင့် အမျိုးသား ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီ ပထမအကြိမ်အစည်း အဝေး အောင်မြင်စွာ   ကျင်းပနိုင် ရေး အပြီးသတ် စီစဉ်ဆောင်ရွက် ထားရှိမှုများနှင့်      စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာန နီလာ      အစည်းအဝေး      ခန်းမ၌ ကျင်းပသည်။ (ယာပုံ)    
ပူးပေါင်းညှိနှိုင်း  
အစည်းအဝေးတွင်     ပြည် ထောင်စုဝန်ကြီး        ဦးမောင် မောင်အုန်းက        ယခုအခါ ကိုဗစ်-၁၉        ရောဂါကာကွယ် ရေးကို အထူးအလေးထား ဆောင် ရွက်နေရသဖြင့် ဝန်ထမ်းများအနေ ဖြင့် ရုံးတက်/ ရုံးဆင်း၊ ရုံးလုပ်ငန်း ခွင်အတွင်းတွင် ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာနမှ ချမှတ် ထားသည့် ကိုဗစ်-၁၉  ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာ နေထိုင်သွားရန် လိုအပ် ပါကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက်     အဆင့် (၃) ဆင့်ဖြင့်   အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး     ပထမ အဆင့်အနေဖြင့်     ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများကို ပြန်လည် ဖွင့်လှစ်နိုင်ရေး ဆက်လက်ဆောင် ရွက်ခဲ့ရာ ခရီးစဉ်ဒေသအသီးသီး၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ  အထိုက်အလျောက် အောင်မြင်စွာ  ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊  ဒုတိယ အဆင့်အနေဖြင့်    ပြည်တွင်းခရီးသွားလုပ်ငန်းမြှင့်တင်ရေး   Pilot Project များကို ခရီးစဉ်ဒေသများ၌ ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက် လျက်ရှိပါကြောင်း၊        တတိယ အဆင့်အနေဖြင့်      Inbound Tourism ပြန်လည်ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ဈေးကွက်ခိုင်မာမှု ရှိပြီးဖြစ်သော တရုတ်၊ ထိုင်းနှင့် ကိုရီးယားနိုင်ငံသား ခရီးသည်များ ကို      ဖိတ်ခေါ်ရန်နှင့်   ၎င်းတို့ လာရောက်      လည်ပတ်ရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် လိုအပ်ချက်များကို    အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍ   ပူးပေါင်းညှိနှိုင်း  စီစဉ်ဆောင်ရွက်ရန်      လိုအပ်ပါ ကြောင်း။
မကြာမီ ကျင်းပမည့် အမျိုး သား  ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေး ဗဟိုကော်မတီ အစည်း အဝေးသည်    ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမ ဆုံးအကြိမ်ကျင်းပသည့် နိုင်ငံ တော်အဆင့် အစည်းအဝေးဖြစ် သည့်အတွက်      အောင်မြင်စွာ ကျင်းပနိုင်ရေး ဆပ်ကော်မတီများ အလိုက်  လုပ်ငန်းများဆောင်ရွက် ရာတွင်    လစ်ဟင်းမှုမရှိစေရန် တာဝန်ရှိသူ         အဆင့်ဆင့်မှ ကြပ်မတ်ကွပ်ကဲ  ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊   အဆိုပါ  ဗဟို ကော်မတီ    အစည်းအဝေးတွင် တက်ရောက်လာကြမည့် အစိုးရ နှင့်    ပုဂ္ဂလိက ကဏ္ဍများကပါ ဆောင်ရွက်လိုသည့် အကြံဉာဏ် ကောင်းများ၊    အစီအမံများကို ကျယ်ကျယ်ပြန့်ပြန့်       ပါဝင် ဆွေးနွေးပြီး လက်တွေ့ဆောင်ရွက် နိုင်သော   လုပ်ငန်းအစီအမံများ ပေါ်ထွက်လာနိုင်စေရေးအတွက် အလေးထား      ဆောင်ရွက်ရန် ပြောကြားခဲ့သည်။
ဖြည့်စွက်ဆွေးနွေး
ထို့နောက်     အစည်းအဝေး သို့          တက်ရောက်လာကြ သည့် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက်    လုပ်ငန်းဆောင် ရွက်ထားရှိမှု   အခြေအနေများကို အသီးသီး      ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။    
သတင်းစဉ်