ထိုင်းနိုင်ငံမှ ရိုက်ကူးရေးအဖွဲ့များနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ တောင်သူများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

 

နေပြည်တော်   မတ်    ၂
ထိုင်းခရီးသွားဧည့်သည်များအနေဖြင့်  ပိုမိုသိရှိလာရောက်လည်ပတ် စေရေးအတွက်  ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ် မှုဖြင့်  ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်ရယူထားသော   Sai Swe ကုမ္ပဏီလီမိတက်နှင့် ထိုင်းနိုင်ငံရှိ   Best  International   Travel & Agency တို့  ပူးပေါင်းစီစဉ်ဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံသားရိုက်ကူးရေး    အဖွဲ့ဝင်များပါဝင်သော ကိုယ်စားလှယ်အဖွဲ့နှင့် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမှ  ကျင်းပပြုလုပ်သည့် မျိုးစေ့ပြပွဲသို့ လာရောက်ကြသော ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊   မန္တလေးတိုင်းဒေသကြီးတို့မှ တောင်သူများသည် ယနေ့တွင်  ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော် သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက်  ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့်    မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား လာရောက်ဖူးမြော်ကြည်ညိုကြသည်။

ဦးစွာ ရှင်းလင်းဆောင်၌ မာရ ဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး    တည်ဆောက်ပူဇော် ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်း များတွင်   ပါဝင်ဆောင်ရွက်ခဲ့ကြ သည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီး တည်ထား ကိုးကွယ်ပူဇော်ရခြင်း    ရည်ရွယ် ချက်၊     ရုပ်ပွားတော်မြတ်ကြီး အား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာတည်ထား ပူဇော်နိုင် ခဲ့မှု၊ လက်ရှိ ထိန်းသိမ်းဆောင်ရွက် နေမှု၊  ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ကျောက်စာရုံစေတီ တော်များ တည်ထားဆောင်ရွက် ခဲ့မှုနှင့် သာသနာရေးဆိုင်ရာအခမ်း အနားကြီးများ စည်ကားသိုက်မြိုက် စွာ ကျင်းပနိုင်ခဲ့မှုအခြေအနေနှင့် မာရဝိဇယ  ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး   အောင်မြင်စွာတည်ထား ပူဇော်နိုင်ရန်  အဆင့်ဆင့်ဆောင် ရွက်ခဲ့မှု   ဗီဒီယိုမှတ်တမ်းပြသမှု တို့ကို ဘုရားဖူးအဖွဲ့လိုက် သီးခြား စီ ရှင်းလင်းပြသသည်။
ထို့နောက် ထိုင်းနိုင်ငံမှ ရိုက်ကူး ရေးအဖွဲ့များနှင့် တောင်သူများ သည် ယခုကဲ့သို့ ရုပ်ပွားတော်မြတ် ကြီးအား အဆင်ပြေချောမွေ့စွာ လာရောက်ဖူးမြော်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်   ပေးမှုများနှင့် ရုပ်ပွားတော်မြတ်ကြီး    တည် ဆောက်ပူဇော်ခဲ့မှု   လုပ်ငန်းစဉ် အဆင့်ဆင့်ကို     အသေးစိတ် ရှင်းလင်း   ပြောကြားပေးမှုများ အပေါ်   ကျေးဇူးတင်စကားများ ပြောကြားကြပြီး   ရုပ်ပွားတော် မြတ်ကြီး အောင်မြင်စွာတည်ထား ပူဇော်နိုင်ခဲ့မှု   အခြေအနေနှင့် စပ်လျဉ်း၍  သိရှိလိုသည်များကို မေးမြန်းကြရာ  တာဝန်ရှိသူများ က အသေးစိတ်ပြန်လည်ရှင်းလင်း ဖြေကြားသည်။   
 ဆက်လက်၍  ထိုင်းနိုင်ငံမှ ရိုက်ကူးရေးအဖွဲ့များနှင့် ဘုရားဖူး တောင်သူများသည်  မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်   မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြ ပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ   အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိ တိုက်၊ မော်ကွန်းတိုက်၌  မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်  ဗုဒ္ဓ ဥယျာဉ်တော် ပုံစံငယ်ပြသထားမှု၊ မှတ်တမ်းဓာတ်ပုံများ၊ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၊ ကျောက် စာရုံစေတီတော်များနှင့်  အခြား သာသနိက အဆောက်အဦများကို ဖူးမြော်လေ့လာကြည်ညိုခဲ့ကြပြီး အလှူငွေများ ပေးအပ်လှူဒါန်းကြ သည်။ 
ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား  အနယ်နယ် အရပ်ရပ်မှ ရဟန်းရှင်လူဘုရားဖူး ပြည်သူများ   လာရောက်ဖူးမြော် ကြည်ညိုလျက်ရှိသည်။
ယနေ့တွင်    မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်     မြတ်ကြီးအား လာရောက်ဖူးမြော်ခဲ့ကြသူများ၏ စကားသံများကို ယခုလို ကြားသိ ခဲ့ရပါတယ် -
ကျွန်မက    ဗုဒ္ဓဘာသာကို အဓိက ယုံကြည်ကိုးကွယ်ပါတယ်။ တော်တော်ပီတိဖြစ်ပါတယ်။   ဒီ တစ်ခေါက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာဖူးရတဲ့အခါ မှာ အလွန်ကို သပ္ပာယ်တဲ့ဘုရား ပေါ့နော်။ ဘယ်မှာမှမရှိတဲ့ ဘုရား ကို ပထမဆုံးလာပြီး ဖူးမြော်ခွင့်ရ တဲ့အတွက် ဝမ်းသာပါတယ်။ ဗုဒ္ဓ ဘာသာတွေ      အတွက်လည်း ဂုဏ်ယူပါတယ်။  အများပြည်သူ တွေကိုလည်း လာရောက်ဖူးမြော်ဖို့ ဖိတ်ကြားချင်ပါတယ်။ လာရောက် တဲ့အချိန်တိုင်းမှာ အလွန်အဆင် ပြေပါတယ်။  လည်ပတ်စရာများ စုံလင်စွာ  တွေ့ရပါတယ်။   ထိုင်း လူမျိုးတွေကိုလည်း   လာလည် စေချင်ပါတယ်။   လည်ပတ်စရာ တွေ၊ စိတ်ဝင်စားစရာတွေ များစွာ ရှိပါသေးတယ်လို့     ပြောချင်ပါ တယ်။  ထိုင်းလူမျိုးတွေအတွက် လည်း လည်ပတ်စရာနေရာသစ် တစ်ခုကို သိစေချင်တယ်။ လည် ပတ်တဲ့နေရာကလည်း   အလွန် အရေးကြီးတဲ့   နေရာဖြစ်တယ်။ ဒီမြန်မာနိုင်ငံအတွင်းထဲမှာ အခု ဒီမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးဟာ  ကမ္ဘာမှာ   ဉာဏ်တော် အမြင့်ဆုံးဖြစ်လို့ ထိုင်းလူမျိုးတွေ ကို အများကြီးလာရောက်ဖူးမြော် စေချင်ပါတယ်။    ထိုင်းလူမျိုး အများစုကတော့ ရန်ကုန်၊ ကျိုက် ထီးရိုး၊ မန္တလေး၊ ပုဂံကို သွားတာ များပါတယ်။ Best International Company   အနေနဲ့လည်း   အဲဒီ လည်ပတ်စရာ     နေရာတွေကို အများကြီး  စီစဉ်ထားရှိပါတယ်။ ရန်ကုန်မှာဆိုရင်  ရွှေတိဂုံဘုရား၊ သန်လျင်၊ ကျိုက်ထီးရိုး၊ မန္တလေး ဘက်မှာဆိုရင်   မဟာမြတ်မုနိ ဘုရားနဲ့ ပုဂံပေါ့နော်။ ပုဂံမှာဆိုရင် စေတီတွေအများကြီးရှိတဲ့ ရှုခင်း တွေပေါ့နော်။ အခု နေပြည်တော် မှာရှိတဲ့   ဉာဏ်တော်အမြင့်ဆုံး မာရဝိဇယ   ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးကို    ထပ်တိုးခရီးစဉ်အဖြစ် လည်း စီစဉ်ထားရှိပါတယ်။
တီဗွီထဲမှာတော့ ဒီဘုရားကြီး ရဲ့ ထုဆစ်ထားတဲ့ပုံတွေ  မြင်ဖူးပါ တယ်။ ဖူးဖူးပါတယ်။ ခုကတော့ ကိုယ်တိုင်ကိုယ်ကျလာရောက်ပြီးတော့ဖူးရတဲ့အတွက် အားလုံးကို အထူးပဲ   ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့       ဗုဒ္ဓဘာသာ ထွန်းကားရေးအတွက် ပရိယတ္တိ၊  ပဋိပတ္တိ၊ ပဋိဝေဓဆိုတဲ့  သာသနာ သုံးရပ်ကို ပြုလုပ်ထားတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်။ 
ဆရာတော်တွေရော၊   အဖွဲ့ အစည်းတွေအကုန်လုံး စည်စည် ကားကားနဲ့ သိုက်သိုက်မြိုက်မြိုက်၊ ဝိုင်းဝိုင်းဝန်းဝန်းနဲ့     စည်စည် ကားကား ဆောက်လုပ်ထားတာ အခုမှ မြင်တွေ့ရတာ  အင်မတန် ပီတိဖြစ်ရပါတယ်။ စိုက်ပျိုးရေးက အကုန်လုံး  ကျွန်တော်တို့  ကားနဲ့ ရော၊ ဘုရားဝန်ထမ်းတွေကရော အကုန်လုံးကားနဲ့အကုန်လုံး စီစဉ် ပေးတဲ့အတွက်  အထူးပဲ   ကျေးဇူး တင်ပါတယ်။                
သတင်းစဉ်