
နေပြည်တော် ဖေဖော်ဝါရီ ၂၉
မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တို့မှ ပြင်ဦးလွင်မြို့ နယ်မြေခံ တပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူနေ သော လူနာများအား အာဟာရ ဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါမြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုး အောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင် နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိ သူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
စားသောက်ဖွယ်ရာများပေးအပ်
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့် တိုင်းမှူးတို့က နယ်မြေခံ တပ်မတော် ဆေးရုံတွင် တက် ရောက် ဆေးကုသမှုခံယူနေသော လူနာများအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းစစ်ဌာနချုပ် တို့မှ လှူဒါန်းသော ငွေကျပ်သိန်း ၁၄၀ တန်ဖိုးရှိ အာဟာရဖြည့် စားသောက် ဖွယ်ရာများကို ပေးအပ်ရာ နယ်မြေခံတပ်မတော် ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူး တင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်