
နေပြည်တော် ဇွန် ၂၈
အာဆီယံ-ရုရှား လုံခြုံရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့် နေပြည် တော်မှ ပါဝင်တက်ရောက် သည်။
ဆွေးနွေးပွဲသို့ ရုရှားနိုင်ငံ နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ တက် ရောက်ကြပြီး ပြည်ထောင်စု ဝန်ကြီးနှင့်အတူ ဒုတိယ တပ်မတော် လေ့ကျင့်ရေးအရာရှိ ချုပ် ဗိုလ်ချုပ် မြင့်ကျော်ထွန်းနှင့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ကျော်ရွှေထွန်း တို့ ပါဝင်တက်ရောက်ကြသည်။
တစ်နိုင်ငံချင်းဆွေးနွေး
ဆွေးနွေးပွဲ၌ Secretary of the Security Council of the Russian Federation, Nikolai Patrushev နှင့် အာဆီယံ- ရုရှား ဆွေးနွေးပွဲအတွက် ညှိနှိုင်းရေးတာဝန်ခံနိုင်ငံဖြစ်သည့် အင်ဒို နီးရှား နိုင်ငံမှ Acting Deputy for Foreign Policy Coordination, Coordinating Ministry for Political, Legal and Security Affairs, Dr. Pribadi Sutino တို့က အဖွင့်အမှာစကား ပြော ကြားကြပြီး အာရှ-ပစိဖိတ်ဒေသ တွင်း နိုင်ငံရေးရာနှင့်လုံခြုံရေးဆိုင်ရာ အခြေအနေများနှင့် စိန်ခေါ်မှုများအပေါ် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ရုရှားနိုင်ငံ တို့က တစ်နိုင်ငံချင်းအလိုက် ဆွေးနွေးကြသည်။
ရင်ဆိုင်ကြုံတွေ့
ဆွေးနွေးပွဲတွင် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် အာဆီယံ တင်း ပြည့်အဖွဲ့ဝင်အဖြစ် ပါဝင်လာပြီး နောက် အာဆီယံအဖွဲ့ဝင်များ အကြား အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံရေးကို ကျင့်သုံး လာသကဲ့သို့ ရုရှားဖက်ဒရေးရှင်း နိုင်ငံ အပါအဝင် အာဆီယံ၏ အခြား ဆွေးနွေးဖက်နိုင်ငံများ နှင့်လည်း သာတူညီမျှ မိတ်ဝတ် မပျက် ဆက်ဆံရေးကို ထူထောင် ထားရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ဆွေးနွေးဖက်နိုင်ငံ တစ်ခုအဖြစ် သာမက မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ တစ်နိုင်ငံလည်းဖြစ် ကြောင်း၊ မြန်မာနိုင်ငံနှင့် ရုရှား ဖက်ဒရေးရှင်း နိုင်ငံတို့အကြား နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့် လုပ်ဆောင်လျက်ရှိ ကြောင်း၊ မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံတို့သည် အာရှ-ပစိဖိတ်ဒေသအတွင်း တည် ရှိသောကြောင့် အာရှ-ပစိဖိတ် ဒေသတွင်းရှိ နိုင်ငံရေးဆိုင်ရာ မူဝါဒနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ် များတွင် ဘုံသဘောထား ရပ်တည်ချက်ထားရှိရန် လိုအပ် ကြောင်း၊ မိမိတို့အားလုံးအနေဖြင့် ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စ ရပ်များကို ရင်ဆိုင်ရလျက်ရှိ ကြောင်း၊ ဒေသတွင်းရှိ ပင်လယ် ရေကြောင်းဆိုင်ရာ လုံခြုံရေး၊ စွမ်းအင်ဆိုင်ရာ လုံခြုံရေး၊ အကြမ်းဖက် အန္တရာယ်၊ မူးယစ် ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေးနှင့် တရားမဝင် ရွှေ့ပြောင်းသွားလာမှု တားဆီး ကာကွယ်ရေးတို့မှ အစပြု၍ လူသားဆိုင်ရာ လုံခြုံရေးနှင့် အစားအသောက်ဆိုင်ရာ လုံခြုံ ရေးအထိပါ အာဆီယံနှင့် ရုရှား ဖက်ဒရေးရှင်းတို့၏ ပူးပေါင်း ဆောင်ရွက်မှုသည် အရေးကြီး ကြောင်း၊ အာဆီယံဒေသနှင့် အာရှ-ပစိဖိတ်ဒေသအတွင်း နိုင်ငံ ရေးဆိုင်ရာ တိုးတက်မှုတစ်ရပ် အနေဖြင့် မြန်မာနိုင်ငံသည် ၂၀၀၈ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ မဲဆန္ဒရှင် ၉၀ ရာခိုင်နှုန်းကျော် အတည်ပြုခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲ ပြဋ္ဌာန်းနိုင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် တွင် လွတ်လပ်၍ တရားမျှတ သည့် အထွေထွေရွေးကောက်ပွဲ ကို ကျင်းပကာ အများစုအနိုင်ရ သည့် နိုင်ငံရေးပါတီကို အာဏာ လွှဲအပ်ပေးနိုင်ခဲ့ကြောင်း၊ သို့သော် ၂၀၁၅ တွင် ရွေးကောက်ပွဲ အနိုင် ရရှိလာသော နိုင်ငံရေးပါတီသည် သတင်းမီဒီယာ လွတ်လပ်ခွင့်များ အပါအဝင် ဒီမိုကရေစီအခွင့် အရေးများကို ပိတ်ပင်တားဆီးခဲ့ သည့်အပြင် စီးပွားရေးကဏ္ဍ တွင်လည်း မှားယွင်းသည့် မူဝါဒများကြောင့် မြန်မာကျပ်ငွေ တန်ဖိုး လျော့နည်းကျဆင်းခြင်း များ၊ ကုန်ဈေးနှုန်းကြီးမြင့်မှု များနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရ ကြောင်း။
ထိန်းသိမ်းဆောင်ရွက်
၂၀၂၀ တွင် ကျင်းပသည့် ရွေးကောက်ပွဲတွင်လည်း တစ် ပါတီတည်း အများစု အနိုင်ရရှိရန် မဲမသမာမှုများ အပါအဝင် မတရားသည့် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ခဲ့ရာ မတရားသဖြင့် အနိုင်ရရှိခဲ့ကြောင်း၊ ထိုသို့ မဲ မသမာမှုများကြောင့် လူ့အဖွဲ့ အစည်းအတွင်း ဒီမိုကရေစီနှင့် ရွေးကောက်ပွဲ စနစ်အပေါ် ယုံကြည်မှု ကင်းမဲ့လာခဲ့ကြောင်း၊ သို့သော် အနိုင်ရပါတီသည် အဆိုပါ ရွေးကောက်ပွဲရလဒ် အပေါ် အသိအမှတ်ပြုပြီး လွှတ်တော်ခေါ်ယူရန် ကြိုးပမ်း ခဲ့သဖြင့် ဖေဖော်ဝါရီ (၁) ရက် တွင် မလွှဲမရှောင်သာပဲ အာဏာကို ထိန်းသိမ်းခဲ့ရ ကြောင်း၊ ဆက် လက်၍ နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီ သည် နိုင်ငံတည်ငြိမ်အေးချမ်းရေး ကို ထိန်းသိမ်းဆောင်ရွက်ခဲ့ရ ကြောင်း။
လုံခြုံမှုကို ထိန်းသိမ်း
သို့သော် ဖေဖော်ဝါရီ ၂၈ ရက် မှစတင်ကာ ဆူပူအကြမ်းဖက်သူ များသည် လမ်းမများကို ပိတ်ဆို့ ခြင်း၊ ဓာတ်ဆီပုလင်းဗုံး၊ လက်ပစ် ဗုံး၊ သေနတ်များဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ပြန်လည် ပစ်ခတ်ခြင်းတို့ကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံမှုကို ထိန်းသိမ်းနိုင်ရန် ခြောက်လှန့် ပစ်ခတ်လူစုခွဲ ထိန်းသိမ်းခဲ့ရ ကြောင်း၊ သို့သော် အဖျက် အမှောင့်လုပ်ငန်းများသည် ရပ် တန့်သွားခြင်းမရှိ ကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရပါတီက ဦးဆောင်၍ လွှတ်တော်ကိုယ်စား ပြုကော်မတီ (CRPH) ကို တရား မဝင်ဖွဲ့စည်းပြီး နိုင်ငံတော် ဆန့်ကျင်ရေး အဖျက်အမှောင့် လုပ်ငန်းများကို တန်ပြန်ဆောင် ရွက်ခဲ့ကြောင်း၊ ၎င်း CRPH မှ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကို စင်ပြိုင်ဖွဲ့စည်းကာ နိုင်ငံတကာနှင့် ဆက်သွယ်ခြင်း၊ အာဆီယံအဖွဲ့နှင့် ဆက်သွယ်ခြင်း တို့ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရကို သံတမန်ရေး အကျပ်အတည်းနှင့် စီးပွားရေး အကျပ်အတည်းတို့ ပေါ်ပေါက်စေ ရန် ဆောင်ရွက်လျက်ရှိကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်အာဏာ ကို စတင်တာဝန်ယူစဉ်ကတည်း က ရှေ့လုပ်ငန်းစဉ် (၅) ရပ် ချမှတ်ကာ နိုင်ငံတော်တည်ငြိမ် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အားသွန်ခွန်စိုက် ဆောင်ရွက် လျက်ရှိကြောင်း၊ အဆိုပါ ရှေ့လုပ်ငန်းစဉ်(၅) ရပ်တွင် “နိုင်ငံ တော်အား အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင် ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ပြန်လည် ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင် ရေးဆောင်ရွက်သွားနိုင်ရန်” ဟူ၍ ပါဝင်ကြောင်း။
မြန်မာနိုင်ငံသည် တိုင်းရင်း သားလူမျိုးပေါင်းစုံ မှီတင်းနေထိုင် သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့် အတွက် တိုင်းရင်းသားလူမျိုးစု အားလုံး လိုလားတောင့်တနေ သည့် ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုတစ်ရပ် ဖော်ဆောင် နိုင်ရေးသာမက နိုင်ငံရေးဖွံ့ဖြိုး တိုးတက်မှု၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတို့အတွက်လည်း နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီက အားထုတ် ကြိုးပမ်းလျက်ရှိ ကြောင်း၊ ထို့ပြင် ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာရေးနှင့် တစ်ပါတီ အာဏာရှင်စနစ်သို့ သွေဖည် မသွားစေရေးအတွက် တပ်မတော် တွင် အပြည့်အဝတာဝန်ရှိနေဆဲ ဖြစ်ကြောင်း၊ ထိုသို့ ကြိုးပမ်းရာ တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး စာချုပ်များကို ချုပ်ဆိုခဲ့သည့် အပြင် နိုင်ငံရေးစားပွဲဝိုင်းတွင် လည်း တန်းတူရည်တူဆွေးနွေး ညှိနှိုင်းလျက်ရှိကြောင်း၊ ကမ္ဘာ့ မိသားစုဝင် နိုင်ငံတစ်ခုဖြစ်သည် နှင့်အညီ မြန်မာနိုင်ငံသည် အာရှ-ပစိဖိတ်ဒေသအတွင်းရှိ နိုင်ငံ ရေးနှင့် လုံခြုံရေးအတွက်အခြားနိုင်ငံများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း။
ပူးပေါင်းဆောင်ရွက်
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများ နှင့် အခက်အခဲများကို ဥပဒေနှင့် အညီ ထိန်းသိမ်းဆောင်ရွက် လျက်ရှိပြီး အာဆီယံဒေသတွင်း နှင့် အာရှ-ပစိဖိတ်ဒေသ၏ လုံခြုံရေးအခြေအနေများအပေါ် သက်ရောက်မှုရှိမည် မဟုတ် ကြောင်း ၊ ထို့ပြင် အာဆီယံဒေသ တွင်းရှိ နိုင်ငံရေးရာနှင့် လုံခြုံရေး ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများအတွက် လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိ ကြောင်း ဆွေးနွေးပြောကြား သည်။
ထို့နောက် Secretary of the Security Council of the Russian Federation, Nikolai Patrushev နှင့် အာဆီယံ- ရုရှား ဆွေးနွေးပွဲအတွက် ညှိနှိုင်းရေး တာဝန်ခံ နိုင်ငံဖြစ်သည့် အင်ဒို နီးရှားနိုင်ငံမှ Acting Deputy for Foreign Policy Coordination, Coordinating Ministry for Political, Legal and Security Affairs, Dr. Pribadi Sutino တို့က နိဂုံးချုပ်အမှာစကား ပြော ကြားကြပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်