
နေပြည်တော် ဖေဖော်ဝါရီ ၂၄
(၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အကြိမ် (၃၀)မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်ရှိ စစ်ကြောရေး နှင့် တည်းခိုရေးစခန်း စစ်ရေးပြ ကွင်း၌ ကျင်းပပြုလုပ်ရာ တပ်မ တော်နေ့ ကျင်းပရေးဦးစီးကော် မတီဥက္ကဋ္ဌ တပ်မတော်လေ့ကျင့် ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ် ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ ပြိုင်ပွဲ ကျင်းပရေး ကော်မတီဝင်များ၊ အကဲဖြတ်အမှတ်ပေးအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် စစ်တီးဝိုင်းအသင်း များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြိုင်ပွဲဝင်စစ်တီးဝိုင်း အဖွဲ့များက တပ်မတော်လေ့ကျင့် ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ် ကြီး ထိန်ဝင်းအား အလေးပြုခြင်း၊ နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် သစ္စာအဓိဋ္ဌာန်(၄)ချက် ရွတ်ဆို ခြင်းတို့ကို အစီအစဉ်အတိုင်း ပြုလုပ်သည်။ ထို့နောက် ဆုပေးပွဲ ကို ဆက်လက်ပြုလုပ်ရာ တပ်မ တော်လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းက (၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အကြိမ်(၃၀)မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်တီးဝိုင်းပြိုင်ပွဲ (ခ)အဆင့် စစ်တီးဝိုင်းခေါင်းဆောင် ကျွမ်းကျင် မှုတွင် တတိယဆုရရှိသည့် ရန်ကုန် တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၂) စစ်တီးဝိုင်းအသင်း ခေါင်းဆောင်၊ ဒုတိယဆုရရှိသည့် နေပြည်တော် တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအမှတ်(၁) စစ်တီးဝိုင်း အသင်းခေါင်းဆောင်နှင့် ပထမဆု ရရှိသည့် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်ကိုယ်စားပြု အမှတ် (၁) စစ်တီးဝိုင်းအသင်း ခေါင်း ဆောင်တို့ကို ဆုများ ပေးအပ် ချီးမြှင့်သည်။
ဆက်လက်၍ (က)အဆင့် တွင် စစ်တီးဝိုင်းခေါင်းဆောင် ကျွမ်းကျင်မှု အကောင်းဆုံးဆုရရှိ သည့် စစ်တက္ကသိုလ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ (ခ) အဆင့် အသင်းလိုက် အထူးဆု - ၂ ရရှိ သည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအမှတ်(၁) စစ်တီးဝိုင်း အသင်း၊ အထူးဆု - ၁ ရရှိသည့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအမှတ်(၂)စစ်တီးဝိုင်း အသင်း၊ တတိယဆုရရှိသည့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအမှတ်(၁) စစ်တီးဝိုင်း အသင်း၊ ဒုတိယဆုရရှိသည့် နေပြည်တော် တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအမှတ်(၁) စစ်တီးဝိုင်း အသင်း၊ ပထမဆုရရှိသည့် ရန်ကုန် တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁) စစ်တီးဝိုင်းအသင်းနှင့် (က)အဆင့် အသင်းလိုက် အထူး ဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ကိုယ်စားပြု ရဲတီးဝိုင်း အသင်း၊ တတိယဆုရရှိသည့် စစ်တက္ကသိုလ်ကိုယ်စားပြု စစ်တီး ဝိုင်းအသင်း၊ ဒုတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု စစ်တီးဝိုင်းအသင်းနှင့် ပထမဆုရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြု စစ်တီးဝိုင်းအသင်း တို့ကို ဆုများ ပေးအပ်ချီးမြှင့်ပြီး အခမ်း အနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ တပ်မတော်နေ့အထိမ်း အမှတ် တပ်မတော် (ကြည်း၊ ရေ၊ လေ)စစ်တီးဝိုင်းပြိုင်ပွဲများကို ၁၉၉၂ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး (၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အကြိမ် (၃၀)မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲကို ဖေဖော် ဝါရီ ၁၉ ရက်မှ စတင်၍ ကျင်းပ ပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင် စစ်တီးဝိုင်း အသင်းပေါင်း ၂၉ သင်းဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်