ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သီလဝါအထူးစီးပွားရေးဇုန် One Stop Service Center တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ

 

ရန်ကုန်  ဖေဖော်ဝါရီ  ၂၄


မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သီလဝါအထူး စီးပွားရေးဇုန်သို့ ရောက်ရှိပြီး One Stop Service Center ရှိ ဌာနအသီးသီး၏ လုပ်ငန်းဆောင်ရွက်မှုများ ကို ကြည့်ရှုစစ်ဆေးပြီး  ဝန်ထမ်းများကို  ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
ပြည်ထောင်စုဝန်ကြီးသည် One Stop Service Center ရှိဝန်ထမ်းများနှင့်တွေ့ဆုံစဉ်  သီလဝါအထူး စီးပွားရေးဇုန်၏  နောက်ခံအခြေအနေများ၊   အထူး စီးပွားရေးဇုန်အနေဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက်   အရေးပါမှုအခြေအနေများ၊   လတ်တလော ဖြစ်ပေါ်လျက်ရှိသော  အခက်အခဲများကို  ဖြေရှင်းနိုင် ရေးအတွက်    ဆောင်ရွက်ရမည့်     နည်းလမ်းများ နှင့်   စပ်လျဉ်း၍    အသေးစိတ်ဆွေးနွေး   မှာကြား သည်။ 
ထို့နောက်  ပြည်ထောင်စုဝန်ကြီးသည်  အထူး စီးပွားရေးဇုန်အတွင်း   ရင်းနှီးမြှုပ်နှံမှုများ   လွယ်ကူ ချောမွေ့စေရေးနှင့်   ခွင့်ပြုမိန့်ရရှိပြီး   လုပ်ငန်းများ အနေဖြင့် ဌာနဆိုင်ရာ အသီးသီးနှင့်  ဆက်စပ်လုပ်ကိုင်ရမည့်ကိစ္စများတွင် ဌာနအလိုက် ပိုမိုကောင်းမွန် သည့် ဝန်ဆောင်မှုပေးခြင်းဖြင့် အထူးစီးပွားရေးဇုန်၏ ဂုဏ်သတင်းကို  ဆက်လက်ထိန်းသိမ်းထားရှိရေး၊ ဇုန်အတွင်းရှိ   လုပ်ငန်းများနေဖြင့်  ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ဆောင်ရွက်ရေး၊   စီမံခန့်ခွဲမှု   ကော်မတီက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ရင်းနှီးမြှုပ်နှံမှု အသစ်များ    ထပ်မံဝင်ရောက်လာစေရေးအတွက် ဆောင်ရွက်ရမည့်        လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးမှာကြားသည်။
ယင်းနောက်   သီလဝါအထူးစီးပွားရေးဇုန်စီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့်        တာဝန်ရှိသူများက သီလဝါအထူးစီးပွားရေးဇုန်ရှိ    အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များ  လက်ရှိ ကြုံတွေ့နေရသည့်             အခက်အခဲများအပေါ် ဆောင်ရွက်ပေးနေသည့်          အခြေအနေများနှင့်  ရင်းနှီးမြှုပ်နှံသူများအတွက်          လုပ်ငန်းလိုအပ်ချက် များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။ 

သတင်းစဉ်