ပြည်မြို့၌ တည်းခိုနေသည့် ရခိုင်တိုင်းရင်းသား ၂၀ ထက်မနည်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း သတင်းတု၊ သတင်းမှားများကို လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော် ဖေဖော်ဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီး   ပြည်မြို့ရှိ တည်းခိုခန်းများတွင် ဖေဖော်ဝါရီ ၂၂ ရက်က   ဧည့်စာရင်းစစ်ဆေး ပြီး ရခိုင်တိုင်းရင်းသားမှတ်ပုံတင် ကိုင်ဆောင်သူ   ၂၀   ကျော်ကို  လုံခြုံရေး      တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက      ဖမ်းဆီး သွားကြောင်း    အထင်အမြင် လွဲမှားဖွယ်      ကောလာဟလ သတင်းအမှားများကို   တရားမဝင် ပြည်ဖျက်မီဒီယာ   DVB က  လူမှု ကွန်ရက်စာမျက်နှာတွင်  မဟုတ် မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့်ပတ်သက် ၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိ သူတစ်ဦး၏    ပြောကြားချက် အရ     ရခိုင်တိုင်းရင်းသား   မှတ်ပုံတင်ကိုင်ဆောင်သူ ၂၀ကျော် ကို     ဖမ်းဆီးသည်မှာ    မှန်ကန်မှု မရှိကြောင်းနှင့်      လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ်    အထင် အမြင်လွဲမှားစေရန်       တရားမဝင် ပြည်ဖျက်မီဒီယာများက   လုပ်ကြံ ရေးသားထားခြင်း   ဖြစ်ကြောင်း    သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း အကြမ်းဖက်သမားများဝင်ရောက် လှုပ်ရှားမှု မရှိစေရန်နှင့်   ရပ်ရွာ အေးချမ်း    သာယာရေးအတွက် တရားဥပဒေစိုးမိုးရေး   လုပ်ငန်း များကို    ရပ်ကွက်ကျေးရွာများ မှ    အုပ်ချုပ်ရေး    တာဝန်ရှိသူ များ၊    ရဲတပ်ဖွဲ့ဝင်များနှင့်အတူ နယ်မြေလုံခြုံရေး ဆောင်ရွက်ခြင်း၊   ဧည့်စာရင်း  စစ်ဆေးခြင်းများကို ပူးပေါင်း ဆောင်ရွက်လျက်ရှိသည် ကို   တရားမဝင် ပြည်ဖျက်မီဒီယာ များက အထင်အမြင် လွဲမှားစေရန် အတွက်  ကောလာဟလသတင်း အမှားများကို  ရည်ရွယ်ချက်ရှိရှိ လုပ်ကြံ ရေးသားဖြန့်ဝေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်