
နေပြည်တော် ဖေဖော်ဝါရီ ၂၃
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရန် ရည်ရွယ်သည့် သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ်(၄၇) ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်၊ နိုင်ငံခြားစီးပွားဆက်သွယ် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရုံးချုပ်နှင့် တိုင်း ဒေသကြီးနှင့် ပြည်နယ် ဦးစီးမှူးရုံးများမှ အရာထမ်း၊ အမှုထမ်းများက Online ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ဆွေးနွေး မည့်အကြောင်းအရာဖြစ်သော “အနာဂတ် မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုအတွက် စဉ်းစားရမည့် ဒိုင်ယာ စပိုရာ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ” ခေါင်းစဉ် သည် မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်နှင့် သက်ဆိုင်သည့်အကြောင်းအရာဖြစ်ကြောင်း၊ ဒိုင်ယာ စပိုရာ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဆိုသည်မှာ ပြည်ပ နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိ နေထိုင်သူများက စုဆောင်းရရှိခဲ့သော ငွေကြေး ပစ္စည်းများကို မိခင်နိုင်ငံတွင် ပြန်လည်ရင်းနှီးမြှုပ်နှံ ခြင်းဖြစ်ကြောင်း၊ မိခင်နိုင်ငံ၊ မူရင်းနေရာတွင် ရင်းနှီး မြှုပ်နှံမှုများပြုလုပ်ကြရာ၌ အိမ်၊ ခြံ၊ မြေ၊ စက်မှု လုပ်ငန်း၊ ထုတ်လုပ်မှုလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ အစုရှယ် လုပ်ငန်းနှင့် ရွှေ့ပြောင်းသယ်ယူနိုင်သော ရင်းနှီးမြှုပ်နှံ မှုများ ပြုလုပ်ကြခြင်းဖြစ်ကြောင်းနှင့် တက်ရောက် လာကြသူများအနေဖြင့် စိတ်ပါဝင်စားစွာ ပါဝင် ဆွေးနွေးသွားကြစေလိုကြောင်း ပြောကြား သည်။
ဆက်လက်၍ ဆွေးနွေးတင်ပြမှုကိုဆောင်ရွက်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းတောက်အောင်က “အနာဂတ် မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုအတွက် စဉ်းစား ရမည့် ဒိုင်ယာစပိုရာ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ” အကြောင်းအရာနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြား ပြီး နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က ဒိုင်ယာစပိုရာ တိုက်ရိုက်ရင်းနှီးမြှုပ်နှံ မှုနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးရာ တက်ရောက် လာကြသူများက သိရှိလိုသည်များကို ဖြည့်စွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်