Naypyitaw State Academy ၌ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကျင်းပ

 

နေပြည်တော်  ဖေဖော်ဝါရီ   ၂၃


Naypyitaw State Academy တွင် ကျောင်းသား ကျောင်းသူများ   မြန်မာ့ရိုးရာအစဉ်အလာများကို သိရှိနားလည်သဘောပေါက်၍ ဆက်လက်ထိန်းသိမ်း စောင့်ရှောက်စေလိုသော    ရည်ရွယ်ချက်များဖြင့် ဒုတိယအကြိမ်   မြန်မာ့ရိုးရာ   ထမနဲထိုးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။ 


အဆိုပါ ထမနဲထိုးပြိုင်ပွဲတွင် ဒုတိယပါမောက္ခချုပ် (သင်တန်း) ဒေါက်တာစိုးစိုးအောင်က ပြိုင်ပွဲကျင်းပ ရခြင်း  ရည်ရွယ်ချက်နှင့်    ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး    ဘာသာရပ်ကိုယ်စားပြု အသင်း  ၁၀ သင်းတို့ ပါဝင်ယှဉ်ပြိုင်ကြသည်။ ထို့နောက် ပြိုင်ပွဲတွင် ပထမဆုရရှိသော ဓာတုဗေဒဘာသာရပ် အသင်း၊ ဒုတိယဆုရရှိသော စီးပွားရေးပညာအသင်း၊ တတိယဆုရရှိသော မြန်မာစာအသင်းတို့ကို ဒုတိယ ပါမောက္ခချုပ် (စီမံ) ဒေါက်တာ   နုနုလွင်ကလည်း ကောင်း၊ တတိယဆု ပူးတွဲရှိသော  သင်္ချာအသင်းနှင့်  နှစ်သိမ့်ဆုရရှိသော ရူပဗေဒနှင့် ဥပဒေပညာအသင်း တို့ကို ဒုတိယပါမောက္ခချုပ်(သင်တန်း) ဒေါက်တာ စိုးစိုးအောင်ကလည်းကောင်း   ဆုများ  ချီးမြှင့်ကြ ကြောင်း သိရသည်။   


 သတင်းစဉ်