သာယာဝတီခရိုင်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

 

နေပြည်တော် ဖေဖော်ဝါရီ ၂၃


ပဲခူးတိုင်းဒေသကြီး သာယာဝတီ ခရိုင်အတွင်းရှိ   အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင် စုစုပေါင်း ၄၅ ဦးတို့သည် ယနေ့ နံနက်ပိုင်းတွင်    ပြည်ထောင်စု နယ်မြေ နေပြည်တော်ဒက္ခိဏသီရိ မြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော် တွင် တည်ထားပူဇော်သည့် ကမ္ဘာ ပေါ် ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ် တော်အမြင့်ဆုံးဖြစ်သည့်   မာရ ဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား လာရောက်ဖူးမြော်ကြည်ညို ကြသည်။


ဦးစွာ     ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး    တည်ဆောက် ပူဇော်ခြင်းနှင့်   ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ခဲ့ကြသည့်  ကျွမ်းကျင်ပညာရှင် များက    မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ် ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့် ဖြင့် အောင်မြင်စွာတည်ထားပူဇော် နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင် ရွက်နေမှု၊ ခေတ်မီစက်ကိရိယာ များ  အသုံးပြု၍   ကျောက်စာရုံ စေတီတော်များ တည်ထားဆောင် ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ   စည်ကား သိုက်မြိုက်စွာ     ကျင်းပနိုင်ခဲ့မှု အခြေအနေတို့ကို  ရှင်းလင်းပြော ကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး  အောင်မြင်စွာ တည်ထား          ပူဇော်နိုင်ရန်    အဆင့်ဆင့်     ဆောင်ရွက်ခဲ့မှု       ဗီဒီယိုမှတ်တမ်းကို ပြသသည်။ 


ထို့နောက်  အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင် များသည် ယခုကဲ့သို့ ရုပ်ပွားတော် မြတ်ကြီးအား အဆင်ပြေချောမွေ့ စွာ    လာရောက်ဖူးမြော်နိုင်ရေး အတွက်   စီစဉ်ဆောင်ရွက်ပေးမှု များနှင့်   ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခဲ့မှု   လုပ်ငန်း စဉ်အဆင့်ဆင့်ကို       အသေးစိတ် ရှင်းလင်း     ပြောကြားပေးမှုများ အပေါ်  ကျေးဇူးတင်စကားများ ပြောကြားကြပြီး   ရုပ်ပွားတော် မြတ်ကြီး အောင်မြင်စွာတည်ထား ပူဇော်နိုင်ခဲ့မှု    အခြေအနေနှင့် စပ်လျဉ်း၍  သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက အသေးစိတ်    ပြန်လည်ရှင်းလင်း ဖြေကြားသည်။   


 ဆက်လက်၍      ဘုရားဖူး အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များသည် မာရ ဝိဇယ  ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား သွားရောက်ဖူးမြော်ကြည်ညို ကြပြီး ဘုရားရင်ပြင်တော်  ပတ် လည်၌ စကျင်ကျောက်များ အသုံး ပြု၍  တည်ဆောက်ထားသည့် ဂန္ဓကုဋိ၊ မော်ကွန်းတိုက်၌ မာရ ဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး နှင့် ဗုဒ္ဓဥယျာဉ်တော်ပုံစံငယ်ပြသ ထားမှု၊    မှတ်တမ်းဓာတ်ပုံများ၊ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော် ကြီး၊   ကျောက်စာရုံစေတီတော် များနှင့်      အခြားသာသနိက အဆောက်အဦများကို   ဖူးမြော် လေ့လာကြည်ညိုခဲ့ကြပြီး အလှူ ငွေများ    ပေးအပ်လှူဒါန်းကြ သည်။ 


ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား   အနယ်နယ် အရပ်ရပ်မှ ရဟန်းရှင်လူဘုရားဖူး ပြည်သူများ  လာရောက်ဖူးမြော် ကြည်ညိုလျက်ရှိသည်။


ယနေ့တွင်  မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်     မြတ်ကြီးအား လာရောက်    ဖူးမြော်ခဲ့ကြသည့်  အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၏ ရင်တွင်း စကားသံများအား ယခုလို ကြားသိ ခဲ့ရပါသည်-


မြို့နယ်ကနေ   စီစဉ်ပေးလို့ ရောက်လာတာပါ။     ရှင်းလင်း ဆောင်မှာ    ရှင်းပြတဲ့အတွက် ဘုရားကြီးကို    စကျင်ကျောက် တွေ    တူးဖော်စဉ်က     စပြီးတော့ အခုရုပ်ပွားတော်ကို    ကျွန်မတို့ ဖူးမြော်ရသည်အထိ တွေ့မြင်ရတဲ့ အတွက်၊     ဖူးမြော်ရတဲ့အတွက် ဝမ်းသာပီတိ    ဖြစ်ရပါတယ်။ ဘုရားဆင်းတုတော်နဲ့ အဆောက် အအုံတွေ      အားလုံးကိုလည်း တွေ့မြင်    ဖူးမြော်ရတဲ့အတွက် အလွန်ကို   ဝမ်းသာပီတိဖြစ်ရပါ တယ်။ ဒီလိုမျိုး ဖူးမြော်ခွင့်ရအောင် စီစဉ်ပေးတဲ့ တာဝန်ရှိသူအားလုံး ကိုလည်း  အထူးပဲ   ကျေးဇူးတင် ပါတယ်။


ကျွန်မက ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း  မိုးညိုမြို့နယ်က ပညာရေးဝန်ထမ်း    ဒေါ်ခင်ဌေးရီ ဖြစ်ပါတယ်။ အခုလိုမျိုး လာရောက် ဖူးမြော်ခွင့်ရတဲ့အတွက်   အလွန် ဝမ်းသာပီတိ    ဖြစ်ရပါတယ်။ ကျောက်စာမှာလည်း    ရိုမန်နှင့် ပါဠိလို နှစ်ဘာသာနဲ့ဖော်ပြထား တဲ့အတွက်  တစ်ခါမှမမြင်ဖူးတဲ့ အတွက်  အထူးဝမ်းသာပါတယ်။ မုစလိန္ဒကန်ကြီးကိုလည်း ကြည့် ရတဲ့အတွက် စိတ်ကြည်နူးမှု   ရရှိ ပါတယ်။    မာရဝိဇယဘုရားကြီး ကို   ဖူးမြော်ရတဲ့အတွက်  အထူး ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီဘုရား ကြီးကို    လာရောက်ဖူးမြော်ဖို့ အတွက် အစစအရာရာစီစဉ်ပေးတဲ့    နိုင်ငံတော်အကြီးအကဲနှင့် တာဝန် ရှိသူအားလုံးကိုလည်း   အထူးပဲ ကျေးဇူးတင်ပါတယ်။

သတင်းစဉ်