
နေပြည်တော် ဖေဖော်ဝါရီ ၂၃
ဝန်ထမ်းများ စည်းလုံးညီညွတ် ရေး၊ ပျော်ရွှင်စွာဖြင့် ပူးပေါင်း ဆောင်ရွက်ရေး မြန်မာ့ရိုးရာ ယဉ်ကျေးမှုအစဉ်အလာကို ထိန်း သိမ်းရေးဟူသော ရည်ရွယ်ချက် ဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ တတိယအကြိမ်မြောက် မြန်မာ့ ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၃ နာရီတွင် အဆိုပါ ဝန်ကြီးဌာန မော်တော်ယာဉ် ရပ်နားကွင်း၌ စည်ကားသိုက်မြိုက် စွာ ကျင်းပပြုလုပ်သည်။
ထမနဲထိုးပြိုင်ပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဝန်ကြီး ချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီး ဦးလွင်ဦး၊ သံအမတ် ကြီးများနှင့် ညွှန်ကြားရေးမှူး ချုပ်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
အဆိုပါထမနဲထိုးပြိုင်ပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်း များက စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲခဲ့ကြပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှု အစဉ်အလာအတိုင်း စည်းမျဉ်းစည်းကမ်း၊ အမှတ် ပေး သတ်မှတ်ချက်များနှင့်အညီ ယှဉ်ပြိုင်ကြသည်။
ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း များကို အမှတ်ပေးဒိုင်အဖွဲ့က အမှတ်ပေး စည်းမျဉ်းစည်းကမ်း များနှင့်အညီ စိစစ်အကဲဖြတ် အမှတ်ပေးကြရာ ဦးစီးဌာန ရှစ်ခုမှ ပြိုင်ပွဲဝင်အသင်း ရှစ်သင်းအနက် ပထမဆုကို နိုင်ငံရေးရာဦးစီးဌာန ကလည်းကောင်း၊ ဒုတိယဆုကို စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာန ကလည်းကောင်း၊ တတိယဆု ကို သံတမန်ရေးရာဦးစီးဌာနက လည်းကောင်း ရရှိကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲ ကို ဆက်လက်ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်က ပထမဆုရရှိ သည့် အသင်းကိုလည်းကောင်း၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည် ထောင်စုဝန်ကြီး ဦးသန်းဆွေက ဒုတိယဆုရရှိသည့် အသင်းကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ညွှန်ကြားရေးမှူးချုပ် များက တတိယဆုရရှိသည့် အသင်းနှင့် နှစ်သိမ့်ဆုရရှိသည့် အသင်းများကို လည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြ ပြီး အခမ်းအနားကို ညနေပိုင်းတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်