
နေပြည်တော် ဖေဖော်ဝါရီ ၂၃
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ (၁၃) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ တွင် နေပြည်တော် ခုတင်(၁၀၀၀) အထွေထွေရောဂါကု ဆေးရုံကြီး၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်ကြည့်ရှု အားပေးသည်။
စုပေါင်းသွေးလှူဒါန်းပွဲတွင် နေပြည်တော်ရှိ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ဝန်ထမ်းများနှင့် စေတနာသွေးလှူရှင် စုစုပေါင်း ၆၀ တို့က စုပေါင်းသွေးလှူဒါန်း ကြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် ကြီး မြထွန်းဦး၊ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယ ဝန်ကြီးများ၊ ဌာနကြီးမှူးများ၊ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူ များက လိုက်လံကြည့်ရှုအားပေး ကြပြီး အားဖြည့်စားသောက် ဖွယ်ရာများနှင့် ဆေးဝါးများကို ပေးအပ်ကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက သွေးလှူဒါန်းမှုအတွက် ဂုဏ်ပြု မှတ်တမ်းလွှာကို ပေးအပ်ရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည် ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက လက်ခံရယူပြီး အမှတ်တရ လက်ဆောင်များ ပြန်လည်ပေးအပ်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၏ (၁၃)ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ တနင်္သာရီ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ သက်ဆိုင်ရာ ဆေးရုံများနှင့် သွေးဌာနများတွင် ကျင်းပပြုလုပ် ခဲ့ပြီး စုစုပေါင်း သွေးလှူရှင် ၄၀၆ ဦး ပါဝင်လှူဒါန်းခဲ့ကာ စုပေါင်း သွေးလှူဒါန်းမှုများကို ၂၀၁၆ ခုနှစ် မှ စတင်စီစဉ်ဆောင်ရွက်ခဲ့ရာ ယခုအခါ (၁၃) ကြိမ်မြောက်ခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်