မန္တလေးမြို့၌ EV သုံးဘီးဆိုင်ကယ်များ အသုံးပြုရန် စိတ်ဝင်စားမှုများပြားနေ

 

ရန်ကုန်   ဖေဖော်ဝါရီ   ၂၃
သုံးဘီးဆိုင်ကယ်ကို အများဆုံး  အသုံးပြုနေသည့် မြို့ကြီးတစ်မြို့ ဖြစ်သော မန္တလေးမြို့တွင်   EV သုံးဘီးဆိုင်ကယ်များကို အသုံးပြု ရန်အတွက် စိတ်ဝင်စားမှုမြင့်တက် နေကြောင်း   Royal La Min Ta Yar ကုမ္ပဏီမှ သိရသည်။
လက်ရှိတွင် EV Loujia  က လိုင်စင်ပါ     လုပ်ငန်းသုံး   သုံးဘီး ဆိုင်ကယ်များကို    ရောင်းချရန်  စီစဉ်နေခြင်းဖြစ်ပြီး          ကနဦး စျေးကွက်အခြေအနေကို ကြိုတင်လေ့လာရာတွင် သိရှိရသောအချက် များကို အခြေခံကာ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။


“ကျွန်တော်တို့က  ဒီမှာတော့  ကားသီးသန့်  ရောင်းတာပေါ့။ နယ်မှာသာ ဆိုင်ကယ်ရောင်းတာ။  ကားသီးသန့်ရောင်းတာဆိုတော့  ဒီ  EV လေးတွေက  လောလောဆယ်    မန္တလေးမှာ   အမေးများတော့ စလုပ်ကြည့်တာပါ။   ဒီမှာကလည်း   စက်မှုထဲမှာလည်း   ကုန်မာဆိုင်တို့၊  ကားပစ္စည်းဆိုင်တို့က အမေးများတော့ စပြီးတော့ လုပ်ကြည့်တာပါ။ လူစိတ်ဝင်စားမှုများတယ်။ ဝယ်ယူမှုလည်းရှိတယ်။ ဒီ ဆိုင်ကယ်တွေ က တရုတ်ကလာတာ။ လျှပ်စစ်၊ အားသွင်းဘောက်စ် နဲ့ ဘက်ထရီပေါ့။ လက်ရှိကတော့ ဒီ သုံးဘီးလေးတွေက လုပ်ငန်းသုံးဆိုတော့ စိတ်ဝင်စား မှုရှိကြတယ်” ဟု အထက်ပါ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။


အဆိုပါ EV Loujia သုံးဘီးဆိုင်ကယ်မှာ ဘက်ထရီပေါ်မူတည်၍ သိန်း ၃၀ ၊ ၃၅ သိန်းမှ သိန်း ၄၀ အထိ ပေါက်ဈေးရှိပြီး အားအပြည့်သွင်းထား ပါက နံနက်ပိုင်းမှ ညနေပိုင်းအထိ အသုံးခံကြောင်းလည်း သိရသည်။


“လက်ရှိ မန္တလေးမှာက ခရီးသည်တွေ  အသုံးများတာက   သုံးဘီး ဆိုင်ကယ်တွေလေ။  ဒီနောက်ပိုင်းမှာ  တော်တော်လေး  ပေါလာတာ။ အခု EV တွေ ရောက်တယ်ဆိုတော့ ဘယ်လိုလာမလဲတော့ မသိရသေး ဘူး။   ဘက်ထရီဘယ်လောက်ခံမလဲဆိုတာ   တစ်ချက်ကြည့်ရမယ် ထင်တယ်” ဟု မန္တလေးမြို့ခံတစ်ဦးဖြစ်သူ ဦးလှဝေက ဆိုသည်။


သစ်တော်