တိုင်းရင်းသားလူမျိုးများရေးရာ လုပ်ငန်းဆောင်တာများကိုဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျမှန်ကန်စွာ ဆောင်ရွက်ရန်လိုအပ်

ဟားခါး   ဖေဖော်ဝါရီ   ၂၂
ချင်းပြည်နယ်      ဟားခါးမြို့၌ ရောက်ရှိနေသော   တိုင်းရင်းသား လူမျိုးများရေးရာ   ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang  နော်တောင်သည်     ချင်းပြည်နယ်       အစိုးရအဖွဲ့ဝင်    တိုင်းရင်းသား ရေးရာဝန်ကြီး    စိန်ထွန်းလှနှင့် အတူ    ယမန်နေ့နံနက်ပိုင်းက     ဟားခါးမြို့ရှိ ချင်းပြည်နယ် အစိုးရ အဖွဲ့ရုံး     ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန     အစည်း အဝေးခန်းမတွင်    တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနနှင့်     ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံး တို့တွင် တာဝန်ထမ်းဆောင်လျက် ရှိသော  ဝန်ထမ်းများနှင့်     တွေ့ဆုံ အမှာစကား ပြောကြားသည်။ 
တွေ့ဆုံစဉ်       ပြည်ထောင်စု ဝန်ကြီးက    ဝန်ထမ်းများသည် တိုင်းရင်းသား        လူမျိုးများ  ရေးရာ  လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင်  နိုင်ငံတော်မှ ပြဋ္ဌာန်းထားရှိသော        ဥပဒေ၊ နည်းဥပဒေများနှင့်အညီ   စနစ် တကျမှန်ကန်စွာ   ဆောင်ရွက်ရန် လိုအပ်ကြောင်း၊  နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ     နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆) ချက်၊ ကျင့်ဝတ် အပါး (၃၀)တို့ကိုလည်း လိုက်နာ စောင့်ထိန်းတတ်ရန်         လိုအပ် ကြောင်း၊   နိုင်ငံတော်ဘဏ္ဍာရန်ပုံ ငွေများကိုလည်း     ဘဏ္ဍာရေး စည်းမျဉ်း၊ လုပ်ထုံး၊ လုပ်နည်းများ နှင့်အညီ စနစ်တကျမှန်ကန်စွာသုံးစွဲရန်နှင့်        အလေအလွင့်၊ ဆုံးရှုံးမှု၊ မသမာမှုများမရှိစေရေး နှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေး မူများကိုလည်း အထူးအလေးဂရု ပြု             လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊      စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံလျက်   နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်  (၅)  ရပ်၊   ဦးတည် ချက် (၉)  ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများအားလုံး  မျှော်လင့် တောင့်တနေသည့်     တိုင်းပြည် သာယာဝပြောရေးကို ဖြစ်ပေါ်လာ စေမည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းများတွင်     ဝန်ထမ်းများအားလုံးက   မိမိတို့ ကျရာကဏ္ဍမှ   ကြိုးပမ်းအကောင် အထည်ဖော်  ဆောင်ရွက်သွားကြ ရန်    တိုက်တွန်းပြောကြားသည်။
ဆက်လက်ပြီး  ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်     တိုင်းရင်းသား ရေးရာဝန်ကြီး    ဦးစိန်ထွန်းလှက ချင်းပြည်နယ်အတွင်း   တိုင်းရင်း သားရေးရာကိစ္စရပ်များ    ဆောင် ရွက်ထားရှိမှုနှင့်       ဆက်လက် ဆောင်ရွက်သွားမည့်    လုပ်ငန်း အစီအစဉ်များကို   ဆွေးနွေးတင်ပြ ကာ ဝန်ထမ်းများက   လိုအပ်ချက် နှင့်  အခက်အခဲများကို    တင်ပြကြ သည်။
ထို့နောက်            ပြည်ထောင်စု ဝန်ကြီးက    လုပ်ငန်းလိုအပ်ချက် များကို    ဖြည့်ဆည်းဆောင်ရွက် ပေးပြီး   ဝန်ထမ်းများ   သက်သာ ချောင်ချိရေးအတွက် ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံး  ဝန်ထမ်းများ ထံ ထောက်ပံ့ငွေနှင့် စားသောက် ကုန်ပစ္စည်းများ  ပေးအပ်ခဲ့ကြောင်း သိရှိရသည်။           
  သတင်းစဉ်