ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သုတေသနလုပ်ငန်းများ၊ မျိုးစေ့ထုတ်လုပ်ငန်းများ စစ်ဆေးကြည့်ရှု

နေပြည်တော် ဖေဖော်ဝါရီ ၂၂ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ် မြို့နယ်ရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ယာသီးနှံသုတေသနဌာနခွဲ စီပင်ခြံ၏ သုတေသန လုပ်ငန်းများ၊ မျိုးစေ့ထုတ်လုပ်ငန်းများကို ကွင်းဆင်း စစ်ဆေးကြည့်ရှုရာ တာဝန်ရှိသူများက ဆီထွက်သီးနှံ နေကြာ ဆင်းရွှေကြာ-၂ ၊ ပဲတီစိမ်း၊ ပဲစင်းငုံ အပါအဝင် သီးနှံ ၁၁ မျိုး၏ သုတေသန၊ ထုတ်လုပ်မှုနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်း တင်ပြသည်။ ဈေးကွက်ဝယ်လိုအားကို ထည့်သွင်းတွက်ချက် ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သုတေသန လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မျိုးသစ်ထုတ်လုပ်ခြင်း နှင့် မျိုးသန့်မျိုးပွားဖြန့်ဖြူးခြင်းလုပ်ငန်းများ ဆောင် ရွက်ရာတွင် သီးနှံအထွက်နှုန်း တိုးတက်ရေးအပြင် စားသုံးမှုအရည်အသွေးနှင့် ဈေးကွက်ဝယ်လိုအားကို ထည့်သွင်းတွက်ချက် ဆောင်ရွက်ရန် လိုအပ်ချက် များကို ဆွေးနွေးမှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သာစည် မြို့နယ်ရှိ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံဖွံ့ဖြိုး ရေးဌာန(VFDC)၊ လှိုင်းတက်ခြံ၏ ဟင်းသီးဟင်းရွက် ရာသီသီးနှံ မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်နေမှု များကို ကြည့်ရှုစစ်ဆေးပြီး ဒေသနှင့် ကိုက်ညီပြီး စီးပွားရေး တွက်ခြေကိုက်သော သီးနှံမျိုးကောင်း၊ မျိုးသန့် မျိုးစေ့၊ ပျိုးပင်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း နှင့် နည်းပညာပေးလုပ်ငန်းများ တစ်ပြိုင်တည်း ဆောင်ရွက်ရန်၊ တောင်သူများ၏ သဘောထား မှတ်ချက်ကိုရယူ၍ အပူပိုင်းဒေသနှင့် ကိုက်ညီ ဖြစ်ထွန်းစေမည့် သီးနှံအမယ်များကို ရွေးချယ်ပြီး မျိုးသန့် မျိုးပွားထုတ်လုပ်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။ ကြည့်ရှုစစ်ဆေး ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများသည် စိုက်ပျိုးရေးဦးစီးဌာန ပိုင် စက်ရုံအား Dagon Foods Co.,Ltd က ငှားရမ်း လုပ်ကိုင်လျက်ရှိသည့် သစ်သီးဝလံ အခြေခံစားသောက် ကုန်ထုတ်လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးသည်။ (အပေါ်ပုံ) ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည် နယ် ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်အတူ ဟဲဟိုးမြို့ ဥဿာကံကျေးရွာရှိ မျိုးအာလူးအအေးခန်းသိုလှောင် ရုံကို ကြည့်ရှုစစ်ဆေးပြီး စားဖိုဆောင်သီးနှံဖြစ်သည့် အာလူးကို မုန့်ပဲသရေစာနှင့် အခြားသောစားသောက် ကုန်ချောများအဖြစ် တွင်ကျယ်စွာ အသုံးပြုနေခြင်း ကြောင့် ဈေးကွက်သေချာ၍ အရေးပါသော စိုက်ပျိုး ရေးထွက်ကုန် တစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးသည့် ဒေသအလိုက် စိုက်ပျိုးချိန်၊ တူးဖော်သိမ်းဆည်းချိန် မတူညီနိုင်မှုကို တောင်သူများ အလေးဂရုပြုနိုင်ကြရန် နှင့် နည်းပညာပိုင်းအရ လိုက်နာဆောင်ရွက်ရမည့် အချက်များကို စနစ်တကျဖြန့်ဝေပေးရန် လိုအပ် ကြောင်း၊ အလားတူ မျိုးအာလူးများ ထုတ်လုပ်ရာတွင် လည်း ရောဂါဒဏ်ခံနိုင်ပြီး အထွက်နှုန်းကောင်းရန် လိုအပ်သကဲ့သို့ ဈေးကွက်အကြိုက် စားသုံးမှုအရည် အသွေးကောင်းမွန်ရေး ဆောင်ရွက်ကြရန် ဆွေးနွေး မှာကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်တို့သည် ဒေသခံတောင်သူများက ရေဖျန်း စနစ်ဖြင့် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် အာလူး စိုက်ခင်းများနှင့် ကြက်သွန်ဖြူ စိုက်ခင်းများကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများနှင့် ခင်မင်ရင်းနှီး စွာတွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်