ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံ

 

နေပြည်တော်   ဖေဖော်ဝါရီ    ၂၂


နိုင်ငံတော်          စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်  သည် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ     လေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊  အမှု ဆောင်    အဖွဲ့ဝင်များနှင့်    ယနေ့ မွန်းလွဲ  ၁  နာရီတွင်  ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံ တကာ လေ့လာရေးအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ တွေ့ဆုံသည်။


တွေ့ဆုံစဉ်       ပြည်ထောင်စု ဝန်ကြီးက    အစိုးရ၏     လက်ရှိ အကောင်အထည်ဖော်      ဆောင် ရွက်လျက်ရှိသည့်    ကိစ္စရပ်များ၊  ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍  ရှင်းလင်းပြောကြားသည်။ ထို့ပြင် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံ တကာ လေ့လာရေးအဖွဲ့အနေဖြင့်  ဘာသာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင် မှု၊   အတွေ့အကြုံများနှင့်    အသိ ပညာများကို ထိရောက်စွာအသုံး ပြုလျက်    ဒေသတွင်းနှင့်      နိုင်ငံ တကာဆက်ဆံရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး နှင့်  နိုင်ငံ့အကျိုး ဖြစ်ထွန်းစေမည့်  အကြံပြုချက်များကို ပညာရှင်များ ရှုထောင့်မှ     အထောက်အကူပြု ပံ့ပိုးနိုင်ရေးတို့ကို         တိုက်တွန်း မှာကြားသည်။ 


ထို့နောက် မြန်မာနိုင်ငံမဟာ ဗျူဟာနှင့် နိုင်ငံတကာလေ့လာ ရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင် များ၊    အမှုဆောင်အဖွဲ့ဝင်များက  အဖွဲ့၏ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း    အခြေအနေများနှင့် စပ်လျဉ်း၍         ရှင်းလင်းတင်ပြ ကြသည်။                

သတင်းစဉ်