
ဟားခါး ဖေဖော်ဝါရီ ၂၁
၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် ချင်း အမျိုးသားနေ့အခမ်းအနားကို ဖေဖော် ဝါရီ ၂၀ ရက် နံနက်ပိုင်းတွင် ဟားခါး တပ်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ် ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ် နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ မှုထန်၊ ပြည်ထောင်စုဝန်ကြီးများ၊ ချင်း ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် Jeng Phang နော်တောင်၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်တို့က (၇၆) နှစ် မြောက် ချင်းအမျိုးသားနေ့မုခ်ဦးကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက် (၇၆)နှစ်မြောက် ချင်း အမျိုးသားနေ့အခမ်းအနား စတင်ဖွင့်လှစ် ကြောင်း ကြေညာပြီး နိုင်ငံတော်အလံကို အလေးပြုကြသည်။
ယင်းနောက် သဘာပတိ ဦးထန်မွမ်း ခိုင်က နှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်း အနားသို့ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။
ထောက်ပံ့ပစ္စည်းများ ပေးအပ်
ဆက်လက်၍ ချင်းပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာဝုန်ဆွန်းထန်က အမှာ စကားပြောကြားပြီး ချင်းပြည်နယ်အစိုးရ အဖွဲ့၏ ဂုဏ်ထူးဆောင်ဆုရရှိသူများကို ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ မှုထန်၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် နှင့် ဒုတိယဝန်ကြီး ဦးထိန်လင်းတို့က ဆုများ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်တို့က ထောက်ပံ့ ပစ္စည်းများကို တာဝန်ရှိသူများထံ ပေးအပ် ကြပြီး ချင်းအမျိုးသားနေ့အခမ်းအနားအစီအစဉ်ပထမပိုင်း ပြီးဆုံးသည်။
အားပေးစကားပြောကြား
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် ချင်းပြည်နယ် အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံ သည်။ ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် က ချင်းပြည်နယ် ၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ဌာန ဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် Jeng Phang နော်တောင်တို့က ဖြည့်စွက်ဆွေးနွေးကြ သည်။ ယင်းနောက် ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက နိဂုံးချုပ် အမှာစကား ပြောကြားပြီး တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်အားပေးသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် ဟားခါးမြို့ ပြည်သူ့ ဆေးရုံကြီးတွင် ဆေးရုံတက်ရောက် ကုသမှုခံယူနေကြသော ဒေသခံပြည်သူ များကို သွားရောက်ကြည့်ရှု အားပေး စကားပြောကြားကာ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့်ပစ္စည်းများကိုလည်းကောင်း၊ ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများကို စားသောက်ဖွယ်ရာများ ကို လည်းကောင်း ထောက်ပံ့ပေးအပ် သည်။
ပါဝင်ဆင်နွှဲ
ထို့နောက် (၇၆)နှစ်မြောက် ချင်း အမျိုးသားနေ့အထိမ်းအမှတ် ခင်းကျင်း ပြသထားသည့်ပြခန်းများကို လှည့်လည် ကြည့်ရှုပြီး ချင်းရိုးရာအကအဖွဲ့များက ရိုးရာအကများဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြသည်။ ယင်းနောက် ချင်းအမျိုးသားနေ့ပွဲတော် အထိမ်းအမှတ် မီးပုံပွဲတော်အား ချင်းတိုင်းရင်းသားအက အဖွဲ့များနှင့်အတူ ပါဝင်ဆင်နွှဲကာ ချင်း အမျိုးသားနေ့ပွဲတော်ကို ပိတ်သိမ်းခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်