
နေပြည်တော် ဖေဖော်ဝါရီ ၂၁
(၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အကြိမ် (၃၀)မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ (က)အဆင့် နှင့် (ခ)အဆင့်ပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေး စခန်း စစ်ရေးပြကွင်း၌ ဆက်လက် ကျင်းပသည်။
ယနေ့နံနက်ပိုင်းပွဲစဉ်အဖြစ် (ခ) အဆင့်ပြိုင်ပွဲတွင် အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ အနောက်တောင်တိုင်း စစ်ဌာန ချုပ်ကိုယ်စားပြု စစ်တီးဝိုင်း အသင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁)စစ်တီးဝိုင်း အသင်း၊ အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်ကိုယ်စားပြု စစ်တီးဝိုင်း အသင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကိုယ်စားပြု အမှတ် (၂) စစ်တီးဝိုင်းအသင်း၊ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၂) စစ်တီးဝိုင်း အသင်းနှင့် နေပြည်တော်တိုင်းစစ် ဌာနချုပ်ကိုယ်စားပြု အမှတ်(၁)စစ်တီးဝိုင်းအသင်းတို့ ယှဉ်ပြိုင် ခဲ့ကြသည်။
ထို့ပြင် ညနေပိုင်းတွင် (ခ)အဆင့်ပြိုင်ပွဲများ ဆက်လက် ကျင်းပရာ အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ်ကိုယ်စားပြု အမှတ်(၂) စစ်တီး ဝိုင်းအသင်း၊ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်ကိုယ်စားပြု အမှတ် (၂)စစ်တီးဝိုင်းအသင်းနှင့် အရှေ့ တောင်တိုင်း စစ်ဌာနချုပ်ကိုယ်စား ပြု အမှတ်(၁) စစ်တီးဝိုင်းအသင်း တို့ ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲ ယှဉ်ပြိုင်နေမှု များကို နေပြည်တော်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ၊ တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်ရွှေ၊ တပ်မတော်အရာရှိ ကြီးများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲ ဝင်အသင်းများနှင့် ဖိတ်ကြားထား သူများ ကြည့်ရှုအားပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်