
နေပြည်တော် ဇွန် ၂၇
တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ် များအလိုက် မြို့နယ်အသီးသီး ရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင် ကျောင်းများနှင့် ဘာသာရေး ကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း ခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် လေးထောင့်ကန် ရပ်ကွက်ရှိ သုံးပါးရတနာ စာသင်တိုက်၊ မှော်ဘီမြို့နယ် တလိုင်းကုန်း ကျေးရွာရှိ ရွှေလှေကြီးကျောင်း တိုက်တို့မှ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင် များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ COVID-19 ရောဂါ ကာကွယ်ရေးအထောက် အကူပြုပစ္စည်းများနှင့် လှူဖွယ် ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ အလိုက် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်