လုပ်ငန်းခွင်ပြင်ပ သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေလုံးငွေရင်းထုတ်ပေး

 

လယ်ဝေး ဖေဖော်ဝါရီ  ၂၀ 


အလုပ်သမားဝန်ကြီးဌာန  လူမှု ဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ် လူမှု ဖူလုံရေးဥပဒေနှင့်အညီ လုပ်ငန်း ခွင်ပြင်ပ    မတော်တဆထိခိုက် ဒဏ်ရာရ၍     သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံး ငွေရင်းထုတ်ပေးခြင်း အခမ်းအနား ကို ယနေ့  နံနက် ၁၁  နာရီက GoldenSunland Co;Ltd အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင်     ပြည် ထောင်စုနယ်မြေ       တာဝန်ခံ  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်အောင်က လူမှုဖူလုံရေး အဖွဲ့မှ ၂၀၁၂ ခုနှစ်လူမှုဖူလုံရေး ဥပဒေပါ   အကျိုးခံစားခွင့်များ အကြောင်းနှင့် ယခုကဲ့သို့ ကျန်ရစ် သူအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေး ရခြင်းအကြောင်းကို   ရှင်းလင်း ပြောကြားသည်။


ထို့နောက်     လက်ထောက် ညွှန်ကြားရေးမှူး      ဒေါ်ခိုင်ခိုင် အောင်က လူမှုဖူလုံရေး အကျုံးဝင် မှတ်ပုံတင်ထားသည့်    အာမခံ အလုပ်သမား ဦးဟိန်းသူရိန်သည် မတော်တဆ   ထိခိုက်ဒဏ်ရာရ၍ သေဆုံးခဲ့မှုအတွက် နာရေးစရိတ် ငွေကျပ် ၈၃၄၀၀၀နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့်   ခွင့်ပြုငွေကျပ် ၆၀၀၀၀၀၀   ကို   မိသားစုဝင်များ အား   ထုတ်ပေးခဲ့ကြောင်း    သိရ သည်။          

ဝေကြည်(ပြန်/ဆက်)