
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၂၅ / ၂၀၂၄
၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက်
(၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်)
လူမှုရေးရာဝန်ကြီးများ အစားထိုးခန့်အပ်ခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အောက်ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးများ အား ယှဉ်တွဲပါအတိုင်း အစားထိုးခန့်အပ်တာဝန်ပေးလိုက်သည်-
( ၁ ) ကယားပြည်နယ်အစိုးရအဖွဲ့
ဦးရဲရင့်ထွန်း အစား ဦးအောင်မျိုးသိန်း
( ၂ ) ချင်းပြည်နယ်အစိုးရအဖွဲ့
ဦးကျော်စိုးဝင်း အစား ဦးဝင်းဇော်ဦး
( ၃ ) မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့
ဦးဝင်းရဲထွန်း အစား ဦးမျိုးမြင့်
( ၄ ) ရခိုင်ပြည်နယ်အစိုးရအဖွဲ့
ဦးစောနိုင် အစား ဦးသက်ထွန်း
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး