နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမ

နေပြည်တော်  ဇွန်  ၂၅ 


နိုင်ငံတော်   စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ     ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်    ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ညနေပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၌  ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ နှင့် တွေ့ဆုံအမှာစကားပြောကြားသည်။


တက်ရောက်


တွေ့ဆုံပွဲသို့ နိုင်ငံတော်ကောင်စီဝင် ပြည်ထဲရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး   ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊     ရန်ကုန်တိုင်းဒေသကြီး  စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဦးလှစိုး၊    ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့်  တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်          တိုင်းမှူး၊  ရန်ကုန်တိုင်းဒေသကြီး  စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊   ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ရှင်းလင်းတင်ပြ


ဦးစွာ ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး က တိုင်းဒေသကြီးအတွင်း  အုပ်ချုပ်ရေး၊ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။ 
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်   ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ မူဝါဒနှင့်လမ်းညွှန်မှာကြားချက်များကို အချိန်တိုကာလအတွင်း လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နေရန်လိုအပ်ကြောင်း၊ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများအပေါ်  တာဝန်ရှိသူများကိုယ်တိုင် သိရှိနားလည်ပြီး  မိမိ၏လက်အောက်ရှိ အရာထမ်း၊ အမှုထမ်းများ ကိုလည်း သိရှိစေရန်  ရှင်းလင်းပြောကြားမှုများ ဆောင်ရွက်ရန်လိုအပ် ကြောင်း ပြောကြားသည်။


ပူးပေါင်းဆောင်ရွက်ရန်လိုအပ်


ဆက်လက်၍ပြောကြားရာတွင်   တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှုရှိစေရေးတို့အတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  အုပ်ချုပ်ရေးအဖွဲ့အစည်းများသာမက   ပြည်သူလူထုပါ  ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေ၊ အကြမ်းဖက်မှုများ မဖြစ်ပွား စေရေးဥပဒေဆိုင်ရာ    စည်းမျဉ်း    စည်းကမ်းများနှင့်ပတ်သက်၍ ပညာပေးဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေ၊ တရားဥပဒေစိုးမိုးမှု ရရှိစေရေးအတွက် ဥပဒေနှင့်အညီ စစ်ဆေး၊ ဖော်ထုတ်ဖမ်းဆီးမှုများ ဆောင်ရွက်၍ ကျူးလွန်ဖောက်ဖျက်သူများကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူရန်လိုအပ်သည့် အခြေအနေ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများအလိုက်  မူလပေးအပ်ထားသည့်  တာဝန်များအပေါ် သစ္စာရှိရှိမှန်ကန်စွာ ထမ်းဆောင်ရန်လိုအပ်သည့်အခြေအနေ၊  မှန်ကန် သည့် ရွေးကောက်ပွဲတစ်ခုဖြစ်ပေါ်လာစေရေးအတွက် မြန်မာနိုင်ငံသား များအားလုံး လူတစ်ဦးချင်းစီ နိုင်ငံသားစိစစ်ရေးကတ်ပြားရှိစေရေးသည် အဓိကကျသဖြင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများအတွက် ဆောင်ရွက် ပေးလျက်ရှိသော ပန်းခင်းစီမံချက်အား  အောင်မြင်ပြီးမြောက်စေရေး ဝိုင်းဝန်းဆောင်ရွက်ရန်လိုအပ်သည့်အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်၍ ပတ်ဝန်းကျင်နိုင်ငံများတွင် ကူးစက်မှုနှုန်းမြင့်မားလျက်ရှိခြင်းကြောင့်   စစ်ဆေးမှုများ၊   သီးသန့် စောင့်ကြပ်ကြည့်ရှုမှုများကို သတ်မှတ်ထားသည့်အတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေ၊ လူတစ်ဦးချင်းစီ၏ ကိုဗစ်-၁၉ အတွက်    မိမိကိုယ်ကိုမိမိ  ကြိုတင်ကာကွယ်ခြင်းသည် အဓိကအချက်ဖြစ်သဖြင့်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ၊ လူတိုင်းတစ်ဦးချင်း လိုက်နာရမည့်အချက်များကို ကျယ်ကျယ်ပြန့်ပြန့်နှင့် ပညာပေးဆောင်ရွက် သွားရန်လိုအပ်သည့်အခြေအနေ၊ သီးခြားစောင့်ကြပ်ကြည့်ရှုမည့်နေရာ များ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ တာဝန်ရှိသည့်အဖွဲ့အစည်း များအနေဖြင့်လည်း   လိုအပ်မှုများ   ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်မည့်အခြေအနေကို အသေးစိတ်ရှင်းလင်းမှာကြားသည်။


ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်    ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အဖွဲ့ဝင်များသည်   ရန်ကုန်တိုင်း ဒေသကြီး  မင်္ဂလာဒုံတပ်နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံ ကြီးနှင့် တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀)သို့ သွားရောက်၍ ဆေးရုံ တက်ရောက်ကုသလျက်ရှိသော  အရာရှိ၊ စစ်သည်များ၊  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံအားပေး၍ ဆေးဝါးကုသမှုအခြေအနေများကို မေးမြန်းကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။                                

       သတင်းစဉ်