
နေပြည်တော် ဇွန် ၂၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေ သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူ များလိုက်ပါ၍ ဇွန် ၂၄ ရက် နံနက်ပိုင်း တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကို မြို့ Sheremetyevo အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် Republic of the Tatarstan သို့ ထွက်ခွာရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဌာနမှ အပြည်ပြည်ဆိုင်ရာ စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေးရာဌာန ဒုတိယ ဌာနကြီးမှူး Major General Alexander Lopilin ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးမှ သံမှူးကြီး ဦးဇော်လင်းဦးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
ကြိုဆိုနှုတ်ဆက်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Republic of the Tatarstan ၊ Naberezhnye (နာဘီ ရေညီယယ်ချဲလ်နေ)မြို့ Begishevo လေဆိပ်သို့ ရောက်ရှိကြရာ ဒုတိယ ဝန်ကြီးချုပ် H.E. Mr. Nigmatullin Rustan Kamilievich နှင့် တာဝန်ရှိသူ တို့က ရိုးရာဓလေ့နှင့်အညီ ကြိုဆိုနှုတ်ဆက် ကြသည်။
ယင်းနောက် Naberezhnye မြို့ရှိ KAMAZ Holding မော်တော်ကားစက်ရုံ သို့သွားရောက်၍ ထရပ်ကားများ၊ ဘတ်စ်ကားများနှင့် ဒီဇယ်အင်ဂျင်များ ထုတ်လုပ်နေမှု အခြေအနေများကို သွားရောက်လေ့လာကြည့်ရှုကြရာ စက်ရုံ မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Gerasimov Yuri Ivanovich ၊ ဒီဇိုင်း အင်ဂျင်နီယာချုပ် Mr. Makarov Evgeni Gennagievich နှင့် တာဝန်ရှိသူများက စက်ကိရိယာအစိတ်အပိုင်းထုတ်လုပ်ရာ ဌာန၊ စက်ခေါင်းပိုင်း၊ ကိုယ်ထည်ပိုင်း၊ အင်ဂျင်ပိုင်း စသည်ဖြင့် ယာဉ်တစ်စီးလုံး ပြီးစီးသည်အထိ အဆင့်ဆင့်တပ်ဆင် ထုတ်လုပ်နေမှုများကိုပြသကြသည်။
ထို့သို့ လိုက်လံရှင်းလင်းပြသမှုများ အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သိရှိလိုသည်များကို ပြန်လည် မေးမြန်း ဆွေးနွေးသည်။
ထို့နောက် KAMAZ Holding မှ ထုတ်လုပ်ထားရှိသည့် Truck ယာဉ်များ နှင့် စစ်မြေပြင်သုံး Typhoon သံချပ်ကာ ယာဉ်တို့၏ စွမ်းရည်များကို လက်တွေ့ မောင်းနှင်ပြသရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက လေ့လာ ကြည့်ရှုခဲ့ကြသည်။
ယင်းနောက် ထပ်မံထုတ်လုပ်လျက်ရှိ သည့် Truck ယာဉ်ကြီးများ၊ Battery စနစ်သုံး အမှိုက်သိမ်းယာဉ်၊ လူစီးယာဉ် ငယ်နှင့် အခြားယာဉ်အမျိုးမျိုးတို့အား လိုက်လံကြည့်ရှုလေ့လာကြပြီး သိရှိ လိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။
ပေးအပ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် KAMAZ Holding မှ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။
အဆိုပါ KAMAZ စက်ရုံကို အရွယ် အစားကြီးမားသည့် ထရပ်ကားများ ထုတ်လုပ်ရန် ရည်ရွယ်ချက်ဖြင့် ဆိုဗီယက် ပြည်ထောင်စုကွန်မြူနစ်ပါတီ၏ ဗဟို ကော်မတီနှင့် ဆိုဗီယက်ဆိုရှယ်လစ် ပြည်ထောင်စု၏ ဥပဒေပြုရေးကောင်စီ တို့မှ Naberezhnye Chelny မြို့၌ ၁၉၇၆ ခုနှစ် ဖေဖော်ဝါရီလတွင် စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၈၇ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် Oka midget (VAZ-1111) မော်တော်ယာဉ်များအား ပထမဆုံးထုတ်လုပ်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ဇွန် ၂၅ ရက်တွင် Joint Stock ကုမ္ပဏီ အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၉၃ ခုနှစ်တွင် KAMAZ အင်ဂျင်စက်ရုံ မီးလောင်ပျက်စီးမှု တစ်ကြိမ်ဖြစ်ပေါ်ခဲ့ သော်လည်း ၂၀၀၆ ခုနှစ်တွင် မိတ်ဖက် ကုမ္ပဏီဖြစ်သည့် Cummins Inc. ကုမ္ပဏီ နှင့် ပူးတွဲ၍ CUMMINS KAMA Joint Venture ကုမ္ပဏီအား တည်ထောင်ခဲ့ ကြောင်း၊ လက်ရှိအချိန်တွင် ကမ္ဘာအနှံ့ အပြားသို့ လုပ်ငန်းသုံးယာဉ်ကြီးများကို တင်ပို့ရောင်းချပေးလျက်ရှိပြီး KAMAZ ကုမ္ပဏီသည် Dakar Rally ကားပြိုင်ပွဲတွင် ၁၈ ကြိမ် အနိုင်ရရှိထား ကြောင်းနှင့် ၂၀၂၀ ပြည့်နှစ်စာရင်းအရ တစ်နှစ်လျှင် ထရပ်ကားအစီးရေ ၄၃၀၀၀ ကျော် ထုတ်လုပ်နိုင်ပြီး ရုရှားတပ်မတော်တွင် အသုံးပြုသည့် ထရပ်ကားအများစုမှာ KAMAZ ကုမ္ပဏီမှ ထုတ်လုပ်သည့် မော်တော်ကားများဖြစ်ကြောင်း သိရှိရ သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Naberezhnye မြို့မှ Republic of the Tatarstan ၊ Kazan မြို့တော်သို့ ဆက်လက် ထွက်ခွာခဲ့ပြီး Republic of the Tatarstan သမ္မတ အထူးဧည့်ဂေဟာသို့ရောက်ရှိကာ ညအိပ်ရပ်နားခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်