
နေပြည်တော် ဇွန် ၂၆
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ်(၃/၂၀၂၀)ပါ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း ၁၀ ခုမှ ပြန်တမ်းဝင်အရာရှိ အဆင့် စတင်ခန့် လစ်လပ်ရာထူး ၁၉၅ နေရာ ရွေးချယ်ပေးရေး အတွက် ရေးဖြေစာမေးပွဲကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက် နှင့်အညီ ဇွန် ၂၆ ရက်နှင့် ၂၇ ရက် တွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် မော်လမြိုင် မြို့တို့ရှိ စာစစ်ဌာနငါးခု၌ တစ်ပြိုင်တည်း ကျင်းပလျက် ရှိသည်။
ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေသည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၊ ပုဗ္ဗသီရိ မြို့နယ်နှင့် အမှတ်(၂၂) အခြေခံ ပညာအထက်တန်းကျောင်း၊ ဇမ္ဗူ သီရိမြို့နယ် စာဖြေဌာနများသို့ သွားရောက်၍ စာမေးပွဲဖြေဆိုမှု ကို ကြည့်ရှုစစ်ဆေးပြီး ဖြေဆိုသူ များကို အားပေးစကား ပြောကြား သည်။
လုပ်ငန်းစဉ်များအဆင့်မြှင့်
ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ဝန်ကြီးဌာန / အဖွဲ့ အစည်းအသီးသီးအတွက် လိုအပ် သော အရည်အသွေးမြင့်အရာ ထမ်းများကို ရွေးချယ်ပေးလျက် ရှိရာ နိုင်ငံ့ဝန်ထမ်းပြုပြင် ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ စီမံချက်ပါ ဦးစားပေးနယ်ပယ် တစ်ခုဖြစ်သည့် (Merit-Based) အရည်အချင်းကို အခြေခံ၍ လူမှန်၊ နေရာမှန် (Right Person, Right Place) ဖြစ်စေရေးအတွက် ရွေးချယ်ရေးလုပ်ငန်းစဉ်များကို အဆင့်မြှင့်တင်ဆောင်ရွက်လျက် ရှိရာ ရေးဖြေစာမေးပွဲသို့ လာရောက် ဖြေဆိုသူ စုစုပေါင်း ၈၂၀ ရှိကြောင်း သိရသည်။
သတင်းစဉ်