နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Republic of Tatarstan ၏ ရိုးရာနွေရာသီပွဲတော် (Sabantuy) အခမ်းအနားသို့ တက်ရောက်

 

နေပြည်တော်   ဇွန်   ၂၆


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊    တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  ယနေ့နံနက်ပိုင်းတွင်    Republic of Tatarstan   သမ္မတ   Mr.Rustam Nurgaliyevich Minnikhanov ၏ ဖိတ်ကြားချက်အရ    Republic of  Tatarstan ၏   ရိုးရာနွေရာသီပွဲတော် (Sabantuy)အခမ်းအနားသို့   အထူးဧည့်သည်တော် အဖြစ် တက်ရောက်သည်။


အဆိုပါ    အခမ်းအနားသို့ နိုင်ငံတော်    စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊    တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီဝင်   ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊    ကောင်စီ  တွဲဖက် အတွင်းရေးမှူး    ဒုတိယဗိုလ်ချုပ် ကြီး ရဲဝင်းဦး၊  ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ  တပ်မတော်အရာရှိကြီး များနှင့်  ကိုယ်စားလှယ်အဖွဲ့ဝင် များ တက်ရောက်ကြပြီး Republic of  Tatarstan မှ  သမ္မတအပါအဝင် ဒုတိယဝန်ကြီးချုပ် Mr. Nigmatu-llin Rustan Kamilievich ၊ Kazan မြို့တော်ဝန်နှင့်  တာဝန်ရှိသူများ၊ ပြည်တွင်း၊    ပြည်ပမှ  ခရီးသွား ပြည်သူများ၊         ဒေသခံများ တက်ရောက်ကြသည်။


လှည့်လည်ကြည့်ရှုလေ့လာ


ဦးစွာ   နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်  အဖွဲ့ ဝင်များသည် ရိုးရာနွေရာသီပွဲတော် ပြုလုပ်မည့် အခမ်းအနား  ပြုလုပ် မည့်   Kazan မြို့တော်၊ Maidan ရင်ပြင်သို့        ရောက်ရှိကြရာ Republic  of  the  Tatarstan ကမ္ဘာလှည့်      ခရီးသွားလုပ်ငန်း ဥက္ကဋ္ဌနှင့် မြို့တော်စည်ပင်သာယာ ရေး  ကော်မတီဥက္ကဋ္ဌတို့က  ရိုးရာ ထုံးတမ်းဓလေ့နှင့်အညီ   ကြိုဆို နှုတ်ဆက်ကြသည်။    ထို့နောက် ရိုးရာနွေရာသီပွဲတော်တွင်   ရိုးရာ ဒေသအလိုက်    ဒေသထုတ်ကုန် ပစ္စည်းများ   ခင်းကျင်းပြသထားရှိ မှု၊    ရိုးရာအားကစားပြိုင်ပွဲများ ပြုလုပ်နေမှု၊    ရိုးရာဈေးရောင်း ပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများ ဆင်နွှဲ နေမှုများကို လှည့်လည်ကြည့်ရှု လေ့လာကြရာ  ပြခန်းများအလိုက် တာဝန်ရှိသူများနှင့်  ဒေသခံများက ရိုးရာအကအလှတီးမှုတ်မှုများဖြင့် ဝမ်းပန်းတသာ ကြိုဆိုနှုတ်ဆက်၍ ၎င်းတို့၏ ဓလေ့ထုံးတမ်းများကို ရှင်းလင်းပြသကြသည်။ ရှင်းလင်း မှုများအပေါ်          နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ၊ တပ်မတော်    ကာကွယ်ရေးဦးစီး ချုပ်က သိရှိလိုသည်များ ပြန်လည် မေးမြန်းလေ့လာခဲ့သည်။


ထို့နောက်   ရိုးရာနွေရာသီ ပွဲတော်ကို   Maidan  ရင်ပြင်၌ ကျင်းပပြုလုပ်ရာ      Republic  of   Tatarstan         သမ္မတက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး  လိုက်လံနှုတ်ဆက် ပြီး    နှုတ်ခွန်းဆက်စကား  ပြော ကြားသည်။   ထို့နောက်   ရိုးရာ နွေရာသီပွဲတော်     စတင်သည့် အထိမ်းအမှတ်အဖြစ် ယဉ်ကျေးမှု အကအလှများ၊ တေးသီချင်းများ၊ ရိုးရာဓလေ့များကို    သရုပ်ဖော် သည့် အကအလှများဖြင့် ဖျော်ဖြေ တင်ဆက်ကြရာ   တက်ရောက် လာကြသူများက အားပေးခဲ့ကြပြီး ပျော်ရွှင်စွာဖြင့်   ပါဝင်ဆင်နွှဲခဲ့ကြ သည်။


ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေ


အဆိုပါ   ရိုးရာနွေရာသီပွဲတော် (Sabantuy) သည် Tatarstan ရှိ တောင်သူလယ်သမားများ မျိုးစေ့ ကြဲ   အောင်မြင်ခြင်းနှင့်   မရိတ် သိမ်းမီကာလအတွင်း   အပင်များ ရှင်သန်ကြီးထွားနေချိန်တွင် လယ် သမားများ  အားလပ်ချိန်၌  ခေတ် အဆက်ဆက်         ကျင်းပပြုလုပ် သည့် ပွဲတော်တစ်ခုဖြစ်ပြီး ဇွန်လ ပထမအပတ်တွင်      ကျေးလက် ဒေသများ၌            လည်းကောင်း ဒုတိယအပတ်တွင် မြို့ငယ်များ၌ လည်းကောင်း၊    တတိယအပတ် တွင် မြို့ကြီးများ၌ လည်းကောင်း၊ စတုတ္ထအပတ်တွင်     မြို့တော် Kazan ၌ လည်းကောင်း ကျင်းပ ပြုလုပ်လေ့ရှိကြောင်း၊    အဆိုပါ ပွဲတော်တွင်   မျိုးနွယ်စုအားလုံး ပါဝင်သော           ပျော်ပွဲရွှင်ပွဲ၊ အားကစားပွဲ၊ ဈေးရောင်းပွဲတော် နှင့် ယဉ်ကျေးမှု   ဓလေ့ထုံးတမ်း များကို      ပါဝင်ပြသကြသည့် ပွဲတော်တစ်ခုဖြစ်ပြီး    မျိုးနွယ်စု အချင်းချင်း   ချစ်ကြည်ရင်းနှီးမှုကို ပိုမို ရရှိစေကြောင်း၊   မိမိတို့ဒေသ အတွင်းရှိ           ထွက်ကုန်များ၊ ယဉ်ကျေးမှု       ရိုးရာပစ္စည်းများ၊ စားသောက်ကုန်များနှင့်   ရိုးရာ အကအလှများကို   အဝန်းအဝိုင်း တစ်ခု   သတ်မှတ်၍   စုပေါင်း ကျင်းပသည့် ချစ်စရာပွဲတော်ဖြစ် ပြီး   ၎င်းတို့ထဲမှ  စီစဉ်တင်ဆက် မှု     အကောင်းဆုံးအဖွဲ့ကိုလည်း ထိုက်တန်စွာ     ဆုချီးမြှင့်ကြ ကြောင်း၊         အဓိကအားဖြင့် Tatarstan     ရိုးရာနပန်းပွဲကို ကျင်းပပေးပြီး   ပထမဆုရရှိသူကို မော်တော်ကားဆုဖြင့်  ထိုက်တန် စွာ  ချီးမြှင့်ပေးလေ့ရှိကြောင်းနှင့် မြို့တစ်မြို့တွင်    တစ်ရက်တည်း သာ  ကျင်းပပြုလုပ်သည့် ပွဲတော် တစ်ခုဖြစ်သဖြင့် မျိုးနွယ်စုမျိုးစုံနှင့် ဒေသခံများ၊    ပြည်တွင်းပြည်ပမှ ခရီးသွား     ဧည့်သည်များဖြင့် စည်ကားစွာ  လာရောက်ကြသည့် ပွဲတော်တစ်ခုဖြစ်ကြောင်း   သိရှိရ သည်။


ဂုဏ်ပြုနေ့လယ်စာ တည်ခင်းဧည့်ခံ


ယင်းနောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ၊ တပ်မတော်    ကာကွယ်ရေးဦးစီး ချုပ်နှင့်         အဖွဲ့ဝင်များအား Republic    of     Tatarstan သမ္မတက  ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံပြီး ကြိုဆိုနှုတ်ခွန်း ဆက်စကား        ပြောကြားသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး     ဦးစီးချုပ်က Republic   of    Tatarstan    ၏ ရိုးရာနွေရာသီပွဲတော်သို့  အထူး ဧည့်သည်တော်အဖြစ်        တက် ရောက်ရန်           ဖိတ်ကြားပြီး Tatarstan ၏  ချစ်စရာရိုးရာဓလေ့ ထုံးတမ်းများကို   လေ့လာခွင့်ရ သည့်အတွက် ကျေးဇူးတင်စကား နှင့် Republic of  Tatarstan ရှိ မျိုးနွယ်စုအားလုံး ကျန်းမာချမ်းသာ ပါစေကြောင်း  ဆုတောင်းမေတ္တာ စကားပြောကြားသည်။  ယင်းနောက်      ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း   သတင်း ရရှိသည်။                  

 

သတင်းစဉ်