
နေပြည်တော် ဇွန် ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များလိုက်ပါ၍ ဇွန် ၂၅ ရက် ညနေပိုင်းတွင် Republic of the Tatarstan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov နှင့် တွေ့ဆုံ ဆွေးနွေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များကို Republic of the Tatarstan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov က ကရင်မလင်ရှိ သမ္မတရုံးတွင် ကြိုဆိုနှုတ်ဆက်၍ သမ္မတရုံးခန်း၌ သီးသန့်တွေ့ဆုံဆွေးနွေးပြီး အမှတ်တရလက်ဆောင်များ အပြန်အလှန် ပေးအပ်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။
တွေ့ဆုံဆွေးနွေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် Republic of the Tatarstan သမ္မတတို့သည် သမ္မတရုံးရှိ ဧည့်ခန်းမဆောင်၌ တက်ရောက်လာ ကြသည့် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် အပြန်အလှန် မိတ်ဆက်ပေးပြီး ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် အတူ တွေ့ဆုံဆွေးနွေးကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသန်းအောင်ကျော်၊ ရုရှား-မြန်မာ ချစ်ကြည် ရေးအသင်းဥက္ကဋ္ဌ ဗိုလ်မှူးချုပ် အောင်သော် (အငြိမ်းစား)နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး Republic of the Tatarstan သမ္မတနှင့်အတူ ဝန်ကြီး များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးရာတွင် ရုရှား-မြန်မာ သံတမန် ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ရေး ဆိုင်ရာများ၊ Republic of the Tatarstan သမ္မတ အနေဖြင့် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်တွင် ရောက်ရှိ လေ့လာခဲ့ပြီး စီးပွားရေးဆိုင်ရာများတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှုအခြေအနေများနှင့် နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်အေးချမ်း သာယာရေး တရားဥပဒေစိုးမိုးရေး၊ ပြည်သူလူထု မထိခိုက်စေရေးအတွက် ဆူပူအကြမ်းဖက်မှုများကို နိုင်ငံတကာဥပဒေ၊ ပြည်တွင်းရှိ တည်ဆဲဥပဒေများ နှင့်အညီ ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်ဦးနှစ်ဖက် ဆက်ဆံမှု တိုးမြှင့်ရေး အတွက် ကူးသန်းရောင်းဝယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတို့တွင် မြှင့်တင်ဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး၊ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ စီးပွား ရေး စသည်ဖြင့်ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင် ရွက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ခင်မင် ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တည်ခင်းဧည့်ခံ
တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင် များကို Republic of the Tatarstan သမ္မတက ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။
ဦးစွာ Republic of the Tatarstan သမ္မတ နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သည် နှုတ်ခွန်း ဆက်စကားများ အသီးသီးပြောကြားကြပြီး အဖွဲ့ဝင် များနှင့်အတူ ညစာကို အတူတကွ သုံးဆောင်ခဲ့ကြ သည်။
ညစာသုံးဆောင်နေစဉ်အတွင်း Republic of the Tatarstan မှ ရိုးရာတေးဂီတအဖွဲ့က ရိုးရာတေး သီချင်းများ၊ ယဉ်ကျေးမှု အကအလှများဖြင့် တီးမှုတ် ဖျော်ဖြေတင်ဆက်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုပန်းခြင်းများ ပေးအပ် ချီးမြှင့်ပြီး ညစာသုံးဆောင်အပြီးတွင် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။
ပြန်လည်မေးမြန်းဆွေးနွေး
ညနေပိုင်းတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် Republic of the Tatarstan၊ Kazan မြို့တော်ရှိ ကရင်မလင်သို့ သွားရောက်၍ Blagoveshenskiy ခရစ်ယာန် ဘုရားရှိခိုးကျောင်းနှင့် Kul Sharif အစ္စလာမ်ဘုရားရှိခိုးကျောင်းတို့သို့ သွားရောက်လေ့လာကြည့်ရှုကြရာ ဘုန်းတော်ကြီးများနှင့် တာဝန်ရှိသူများက အသီးသီး လိုက်လံရှင်းလင်းပြသခဲ့ကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်