စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်၌ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်သူများက ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်

နေပြည်တော်  ဇွန်    ၂၅


စစ်ကိုင်းတိုင်းဒေသကြီး  မင်းကင်းမြို့နယ်၌ နယ်မြေလုံခြုံရေး ဆောင် ရွက်နေသော   လုံခြုံရေးတပ်ဖွဲ့ဝင်များအား   အကြမ်းဖက်သူများက ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဇွန် ၂၄ ရက်တွင် မင်းကင်းမြို့နယ်ရှိ လုံခြုံရေး တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက်    မြို့နယ်အတွင်း     လှည့်ကင်းဆောင်ရွက်နေစဉ် သံပေါက်ကျေးရွာ၏ မြောက်ဘက် နှစ်ဖာလုံခန့်အရောက်တွင် လက်နက် ကိုင်  အကြမ်းဖက်သူ  အင်အား   ၂၀၀  ခန့်က လမ်းဘေးတောင်ကုန်း များမှနေ၍    တူမီးသေနတ်၊   လက်နက်ငယ်၊  လက်လုပ်ဗုံးများဖြင့်  ချောင်းမြောင်း  ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ   လက်နက်ကိုင်အကြမ်းဖက်သူများ   လူစုခွဲ ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။


အကြမ်းဖက်သူများ ဆုတ်ခွာထွက်ပြေးသွားသည့် နေရာသို့ လုံခြုံ ရေးတပ်ဖွဲ့ဝင်များက    လိုက်လံရှာဖွေခဲ့ရာ    တောင်ကုန်းများပေါ်တွင် အကြမ်းဖက်သူအချို့ ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို   တွေ့ရှိ ရပြီး ၎င်းတို့အနီးမှ တူမီးသေနတ် ကိုးလက်၊ လက်လုပ်မိုင်း နှစ်လုံး၊ သစ်သား သေနတ်ဒင်  သုံးခု၊ သေနတ်ပြောင်း လေးခု၊   ယမ်းမှုန့်များနှင့်     ခဲသီးများအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။          

သတင်းစဉ်