ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ Mytel တာဝါတိုင်များအား အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီး

နေပြည်တော်   ဇွန်   ၂၅


ကရင်ပြည်နယ်         ကြာအင်း ဆိပ်ကြီးမြို့နယ်ရှိ  Mytel  တာဝါ တိုင်များအား      အကြမ်းဖက်သူ များက     မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဇွန် ၂၅ ရက် နံနက် ၂ နာရီ ၁၅ မိနစ်တွင် ကြာအင်း ဆိပ်ကြီးမြို့နယ် ထိမန်တိုကျေးရွာ     ကျုံခဝန်ကျေးရွာ၊     တောင်ဒီ ကျေးရွာနှင့် ဖားပြားကျေးရွာတို့ရှိ Mytel ဆက်သွယ်ရေး တာဝါတိုင် များရှိ မီးစက်များ၊  တာဝါတိုင် လိုင်းသွင်း      ဆက်သွယ်ရေး    ဆက်စပ်ပစ္စည်းများနှင့် ဘက်ထရီ အိုးများအား      အကြမ်းဖက်သူ များက         မီးရှို့ဖျက်ဆီးသွားခဲ့ ကြောင်း သိရှိရသည်။


ထိုကဲ့သို့ အများပြည်သူများ ဆက်သွယ်ရေးကောင်းမွန်စေရေး အတွက်    စီစဉ်ဆောင်ရွက်ပေး ထားရှိသည့်    ဆက်သွယ်ရေး တာဝါတိုင်များအား မီးရှို့ဖျက်ဆီး ခဲ့သည့်    အကြမ်းဖက်သမားများ ကို     စုံစမ်းဖော်ထုတ်၍    ဥပဒေ နှင့်အညီ အရေးယူနိုင်ရေး ဆောင် ရွက်သွားမည်         ဖြစ်ကြောင်း သိရသည်။              

 သတင်းစဉ်