ဂါဇာဒေသဆေးရုံများအတွက် ဂျော်ဒန်နိုင်ငံက ထောက်ပံ့ရေးလေယာဉ်များကို အီဂျစ်သို့စေလွှတ်

အမ္မန်   နိုဝင်ဘာ   ၁၇


ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ ၄၅ တန် တင်ဆောင် လာသည့်  နောက်ထပ်ထောက်ပံ့ ရေး လေယာဉ်တစ်စင်းကို ဂျော်ဒန်  ပရဟိတအဖွဲ့အစည်းက နိုဝင်ဘာ ၁၆ ရက်တွင် အီဂျစ်သို့စေလွှတ် ခဲ့သည်။


အဆိုပါ ဆေးထောက်ပံ့ရေး ပစ္စည်းများဖြင့် ဂါဇာကမ်းမြောင် ဒေသရှိ   ဆေးရုံများကို    ကူညီ ထောက်ပံ့ပေးသွားမည်    ဖြစ် သည်။ အဆိုပါ    လေယာဉ်မှာ ဂျော်ဒန်နိုင်ငံမှ စေလွှတ်သည့် ခြောက်စင်းမြောက်      ကူညီ ထောက်ပံ့ရေး   လေယာဉ်ဖြစ် ကြောင်း ဂါဇာဒေသရှိ ဆေးရုံများ ကူညီထောက်ပံ့မှု    ရရှိစေရေး  ပေးပို့ခြင်းဖြစ်သည်ဟု ပရဟိတ အဖွဲ့ အထွေထွေအတွင်းရေးမှူး ဟူစိန်အယ်ရှီဘလီက ပြောသည်။


ဆေးထောက်ပံ့ရေး  ပစ္စည်း များကို  ကုလသမဂ္ဂ   သက်သာ ချောင်ချိရေးနှင့်   အလုပ်သမား အေဂျင်စီနှင့်     ပူးပေါင်းကာ ပြင်ဆင်ထားခြင်းဖြစ်ပြီး    ရာဖာ ဖြတ်သန်းရေးဂိတ်မှ    တစ်ဆင့်  ဂါဇာဒေသသို့     ပေးပို့မည်ဖြစ် သည်ဟု ၎င်းက ဆက်ပြောသည်။ 


ဂျော်ဒန်နိုင်ငံမှ အာဏာပိုင် များနှင့်   ခေါင်းဆောင်များသည်  ဂါဇာဒေသ   ထောက်ပံ့ရေးများ ဆက်လက်ပြုလုပ်နိုင်ရေး အစွမ်း ကုန်ကြိုးပမ်း    အားထုတ်နေကြ သည်ဟု    ၎င်းက    ဆက်ပြော သည်။                      

 ဆင်ဟွာ