လဟယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

 

လဟယ်   နိုဝင်ဘာ    ၁၄


စစ်ကိုင်းတိုင်းဒေသကြီး   နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်း ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်  ဆောင်ရွက်နေသောလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက နာဂဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးရဲမင်းနှင့် ရုံးအဖွဲ့များက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။


အဆိုပါလုပ်ငန်းများကို       ပြည်ထောင်စုရန်ပုံငွေဖြင့်‌ ဆောင်ရွက်လျက်ရှိသည့် လဟယ်-လောင်ကျန်းနောက်ကုန်-တိုက်ရံ-လကျန်း-လန်ထိန်လမ်းခွဲကြားရှိ   မြေသားလမ်းပြင် ထိန်း (၁၀/၀)မိုင်  (၅x၅x၂၆) ပေ၊  ရေထွက်ပြွန်ငါးစင်း တည်ဆောက်ခြင်းနှင့် တိုင်းဒေသကြီးနယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်   ဆောင်ရွက်လျက်ရှိသည့်  တစ်လွှာတစ်ထပ် ဘေလီတံတားပေ ၂၀ သုံးစင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးပါက လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန် လာပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်‌ဖြစ်ကြောင်း၊ အလားတူ    လဟယ်မြို့နယ်အနောက်ခြမ်း    ကျေးရွာအုပ်စု အားလုံးအတွက် အထောက်အကူဖြစ်မည်ဖြစ်ကြောင်း သိရသည်။ 


ယွန်း(မုံရွာကိုယ်ပွား)