နယ်စပ်ဂိတ်များမှ ကုန်စည်များ စက်ရုံ၊ အလုပ်ရုံများသို့ အဆင်ပြေချောမွေ့စွာရောက်ရှိရေး ဆွေးနွေး

 

ရန်ကုန်  နိုဝင်ဘာ  ၁၀
နယ်စပ်ဂိတ်များမှ တင်သွင်းလာသည့်ကုန်စည်များစက်ရုံ၊    အလုပ်ရုံများသို့  အဆင်ပြေချောမွေ့စွာ ရောက်ရှိရေး နှင့်ပတ်သက်၍ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဦးသိန်းဆွေ၊   ကုန်သွယ်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းလွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အထည်ချုပ်လုပ်ငန်း ရှင်များ တွေ့ဆုံဆွေးနွေးပွဲကို အကောက်ခွန်ဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၉ ရက်က ကျင်းပ သည်။
ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်း ရေးမှူးချုပ်၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း အထွေထွေအတွင်းရေးမှူး  ဒေါ်ခိုင်ခိုင်နွယ် ဦးဆောင်သော CMP အထည်ချုပ်လုပ်ငန်းရှင်များက  နယ်စပ်ဂိတ်များမှတစ်ဆင့်    တင်သွင်းလာသည့် ကုန်စည်များ  စက်ရုံ၊  အလုပ်ရုံများသို့  အဆင်ပြေ ချောမွေ့စွာရောက်ရှိရေး၊ နယ်စပ်တွင် ကြန့်ကြာနေ သော ကုန်စည်များ၏အခြေအနေများ၊   သယ်ယူ ပို့ဆောင်မှုလုပ်ငန်းစဉ်များ၊ သွင်းကုန်လိုင်စင်ကိစ္စရပ် များကို တင်ပြခဲ့ပြီး အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ် ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် CMP အထည် ချုပ်လုပ်ငန်းရှင်များ        ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ 
လတ်တလောတွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်နှင့်    ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့မှ တင်ပို့၊ တင်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲရှိသည့်အတွက် ပို့ကုန်သွင်းကုန်လုပ်ငန်း ရှင်များအား ကုန်သွယ်မှုလုပ်ငန်းများ    နှောင့်နှေး ကြန့်ကြာမှုမရှိစေရေးအတွက်     မြန်မာ-တရုတ် နယ်စပ်နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ အခြားမည်သည့် ကုန်သွယ်ရေးစခန်းမှမဆို စခန်းပြောင်းလဲတင်ပို့ခွင့် ပြုပေးသွားမည်ဖြစ်သကဲ့သို့ ပင်လယ်ရေကြောင်းမှ တင်ပို့လိုပါကလည်း   ပြောင်းလဲခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း   ကုန်သွယ်ရေးဦးစီးဌာနမှ    အသိပေး ကြေညာထားကြောင်း သိရသည်။ 
အောင်မြင့်(ပြန်/ဆက်)