
ဘားအံ နိုဝင်ဘာ ၁၀
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် ကျရောက်ခဲ့သည့် (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ဂုဏ်ပြု သောအားဖြင့် ဘားအံမြို့ သီရိကွင်း၌ နိုဝင်ဘာ ၇ ရက်မှစ၍ မြန်မာ့ရိုးရာလက်ဝှေ့ အောင်လံလုပွဲများနှင့် အထူးစိန်ခေါ်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပေးလျက်ရှိရာ ယမန်နေ့တွင် အဆိုပါ မြန်မာ့ရိုးရာ လက်ဝှေ့အောင်လံလုပွဲနှင့် အထူးစိန်ခေါ်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး နှင့်ဇနီး တက်ရောက်ချီးမြှင့်အားပေးသည်။
ယင်းနောက် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များ နှင့် ကြားပွဲစဉ်များအဖြစ် ယမန်နေ့ နံနက် ၁၀ နာရီမှစ၍ ယှဉ်ပြိုင်ခဲ့ကြရာ ကြားပွဲများအဖြစ် အမျိုးသား ၂၄ ပွဲ၊ အမျိုးသမီး တစ်ပွဲ တို့အပြင် ရိုးရာလက်ဝှေ့အောင်လံ ဗိုလ်လုပွဲများနှင့် အထူးစိန်ခေါ်ပွဲ ဖြစ်သော သွေးသစ်ဝင်းလှိုင် (Family ဝမ်ချိုင်း)နှင့် ကျော်စွာဝင်း (M2K - မန္တလေး) တွဲဆိုင်းသည် အရှုံးအနိုင်မပေါ်ဘဲ ပူးတွဲသရေ ရရှိခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး နှင့် တာဝန်ရှိသူများက လက်ဝှေ့ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်လက်ဝှေ့ သမားများအား ဆုများအသီးသီး ချီးမြှင့်ပေးအပ်သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် သီရိကွင်း၌ ဖွင့်လှစ် ရောင်းချလျက်ရှိသည့် ဈေးဆိုင် တန်းများကို လှည့်လည်ကြည့်ရှု အားပေးသည်။
အလားတူ နိုဝင်ဘာ ၉ ရက် ညက ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင် ကြသော ဒုံးရင်းတိုက်နယ် စုပေါင်းဒုံးအဖွဲ့၊ ဌာနပေါင်းစုံ စုပေါင်းဒုံးအဖွဲ့၊ ဘားအံမြို့တော် စုပေါင်းဒုံးအဖွဲ့၊ ကောပေါ့မျိုးဆက် သစ် အားမာန်ဒုံးအဖွဲ့၊ ပိုင်ကျုံ မြို့နယ်ကိုယ်စားပြုဒုံးအဖွဲ့၊ ထုံးအိုင် တိုက်နယ်ကိုယ်စားပြု ခြံကလေး ဘုန်းတော်ကြီးသင် ပညာရေး ဒုံးအဖွဲ့၊ ဘားကပ်တိုက်နယ် ရသေ့ပျံကျေးရွာ စုပေါင်းဒုံးအဖွဲ့၊ လှိုင်းဘွဲမြို့နယ် ကိုယ်စားပြု ဒုံးအဖွဲ့၊ ငြိမ်းချမ်းပန်းခက် BGF ယဉ်ကျေးမှု မောင်မယ်ဒုံးအဖွဲ့၊ ဝတ်ကြီးတိုက်နယ် မုက္ကဒိကျေးရွာ စုပေါင်းဒုံးအဖွဲ့တို့က ယှဉ်ပြိုင်ခဲ့ ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ ကြည့်ရှုအားပေးကြ ပြီး ဒုံးအကပြိုင်ပွဲဝင်များအား တာဝန်ရှိသူများနှင့် စေတနာရှင် ပြည်သူများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)