အမှတ်(၁)တပ်မတော် စစ်ဆေးရုံ ခုတင် (၁၀၀၀) မင်္ဂလာဒုံမှ နယ်လှည့်အထူးကုဆေးအဖွဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး

 

ရန်ကုန် နိုဝင်ဘာ  ၁၀


ရန်ကုန်တိုင်းဒေသကြီး    ဆိပ်ကြီး ခနောင်တိုမြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများအား    ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးရန်အတွက်   အမှတ်(၁) တပ်မတော်စစ်ဆေးရုံ    ခုတင် (၁၀၀၀)    မင်္ဂလာဒုံမှ   ပါရဂူများ၊ ဆေးမှူးများနှင့်    သူနာပြုများ ပါဝင်သည့်    နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ယနေ့ နံနက်ပိုင်း တွင် ဆိပ်ကြီးခနောင်တိုမြို့နယ်သို့ ရောက်ရှိကြရာ     မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊      မြို့နယ်နေ ပြည်သူများက  လှိုက်လှိုက်လှဲလှဲ ဝမ်းသာကြိုဆိုကြသည်။


အဆိုပါ   ဆေးကုသရေးအဖွဲ့ သည်    ယနေ့နံနက်ပိုင်းမှစ၍ ဆိပ်ကြီးခနောင်တိုမြို့နယ် ခနောင် တိုအရှေ့ရပ်ကွက်    ဓမ္မပီတိ ကျောင်းတိုက်အတွင်းရှိ   ဓမ္မာရုံ တွင် အခြေပြု၍ မြို့နယ်အတွင်းရှိ ရပ်ကွက် ကိုးရပ်ကွက်မှ  ဒေသခံ ပြည်သူ ၂၇၉  ဦးအား  ကျန်းမာ ရေးစောင့်ရှောက်မှု     လုပ်ငန်းများ စတင်ဆောင်ရွက်ပေးရာ သွေးတိုး ရောဂါ ၆၅ ဦး၊ ဆီးချိုရောဂါ ၆၄ ဦး၊ နှလုံးရောဂါ ၄၈ ဦး၊  အသက်ရှူ လမ်းကြောင်း  အပေါ်ပိုင်းရောဂါ ၃၁ ဦး၊   အစာအိမ်နှင့်   အူလမ်း ကြောင်းရောဂါ ၂၀ ၊ မျက်စိရောဂါ ၃၇ ဦး၊ နား  နှာခေါင်း လည်ချောင်း ရောဂါ  နှစ်ဦး၊ သွားရောဂါ ရှစ်ဦး၊ ကလေးရောဂါ     လေးဦးတို့ကို လိုအပ်သည့်     ဆေးဝါးကုသမှု များ   ဆောင်ရွက်ပေးသည့်အပြင် လိုအပ်ပါက  အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးပေးခဲ့သည်။


ဆေးကုသရေး     အဖွဲ့အား မြို့နယ်     စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာ    တာဝန်ရှိသူများ၊ မြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊
ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊      မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် လူမှုရေး ပရဟိတအဖွဲ့များက လိုအပ်သည်များ   ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။        

 
 ဝေယံ (ပြန်/ဆက်)