
နေပြည်တော် နိုဝင်ဘာ ၉
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပသည်။
အခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ဌာနဆိုင်ရာအရာရှိကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ် များ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ မန္တလာတက္ကသိုလ်နှင့် အမျိုးသားစီမံခန့်ခွဲ မှု ပညာဒီဂရီကောလိပ်တို့မှ ကျောင်းအုပ် ကြီး၊ ပါမောက္ခ၊ ဒုတိယပါမောက္ခနှင့် ဆရာ ဆရာမများ၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး၊ ပြည်နယ်ရုံးခွဲများမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ တက်ရောက်ကြ သည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ယနေ့ စာတမ်းဖတ်ပွဲသည် ခရီးသွား လုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး၊ ခရီးသွားလုပ်ငန်းစီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒ ရေးရာများချမှတ်ရေး၊ ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်း၏ လားရာပြောင်းလဲမှု နှင့် အကျိုးသက်ရောက်မှုများ စသည့် ခရီးသွားလုပ်ငန်း နယ်ပယ်အသီးသီးကို လေ့လာထားသည့် စာတမ်းများ ပါဝင် သည်ကို တွေ့ရှိရပါကြောင်း၊ စာတမ်း ဖတ်ပွဲမှ ထွက်ပေါ်လာမည့် ပညာရပ်ပိုင်း ဆိုင်ရာ ထောက်ခံအကြံပြုချက်များကို လက်တွေ့လုပ်ငန်းခွင်တွင် ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အကောင် အထည်ဖော်ဆောင်ရာ၌ တွေ့ကြုံရသည့် အခက်အခဲများ ဖြေရှင်းရာတွင် အသုံးချ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် စီမံကိန်းများ၊ စီမံချက်များ ရေးဆွဲချမှတ် ရာ၌ အချက်အလက်များ မှန်ကန်မှုရှိစေ ရေးအတွက် သုတေသနပြုလုပ်ခြင်းသည် လိုအပ်ချက် တစ်ရပ်ဖြစ်သည့်အတွက် တက္ကသိုလ်/ကောလိပ်များမှ ပညာရှင် ဆရာ ဆရာမများအနေနှင့် ခရီးသွား ကဏ္ဍ၌ သုတေသနလုပ်ငန်းများကိုလည်း ကူညီဆောင်ရွက် ပေးကြစေလိုပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် စာတမ်းဖတ်ပွဲ သည် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရေးနှင့် စနစ်တကျ ရေရှည် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကောင်းမွန်သည့် အထောက်အပံ့ဖြစ်လာ မည်ဟု ယုံကြည်ပါကြောင်း ပြောကြား သည်။
ယင်းနောက် စာတမ်းဖတ်ပွဲကို ဆက်လက်ကျင်းပရာ ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာန၊ စီးပွားရေး တက္ကသိုလ်(ရန်ကုန်)၊ မန္တလာတက္ကသိုလ်၊ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် နှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် တို့မှ စာတမ်းရှင်များက ခရီးသွားကဏ္ဍ ဆိုင်ရာ စာတမ်းများကို ဖတ်ကြားတင်သွင်း ကြပြီး တက်ရောက်လာကြသူများက သိလို သည်များကို မေးမြန်းကြသည်။
ဆက်လက်၍ သဘာပတိများ ဖြစ်ကြ သည့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်နှင့် အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး တို့က ဖတ်ကြားခဲ့ကြသည့် စာတမ်းများ အပေါ် ပြန်လည်သုံးသပ်ဆွေးနွေးကြ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားပြီး စာတမ်းရှင်များအား ဂုဏ်ပြုလက်မှတ် များ ပေးအပ်ချီးမြှင့်သည်။
ကိုဗစ်အလွန် ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာရေး ကြိုးပမ်း ဆောင်ရွက်ရာတွင် အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းနှင့် စိန်ခေါ် မှုများကို လေ့လာသုံးသပ်ဖော်ထုတ်ပြီး အစိုးရ၊ ပုဂ္ဂလိကနှင့် ခရီးသွားလုပ်ငန်းတွင် ဆက်စပ်ပါဝင်သူများအားလုံး ပူးပေါင်း ညှိနှိုင်းကာ အကောင်းဆုံးနည်းလမ်းများ ကို ဖော်ထုတ်သွားရန် ရည်ရွယ်၍ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး စာတမ်း ဖတ်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်