
နေပြည်တော် နိုဝင်ဘာ ၉
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့်သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သတင်းစာတိုက်များနှင့် ပုံနှိပ် စက်ရုံ တို့သို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူ များနှင့်တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာ များ မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သို့ရောက်ရှိပြီး လုပ်ငန်းဆောင် ရွက်နေမှုများ၊ ဝန်ထမ်းအိမ်ရာ များနှင့် ရေဒီယိုအသံလွှင့်ရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီး သည် ဌာနအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ သတင်းထုတ်လွှင့် ဖော်ပြမှုများ စနစ်တကျရှိရန်၊ အမှားအယွင်း မဖြစ်စေရေးတို့ကို တာဝန်ရှိသူများက အမြဲကြပ်မတ် စစ်ဆေးဆောင်ရွက်ရန်၊ စက် ပစ္စည်းများ၊ ကုန်ကြမ်း၊ ကုန်ချော များ ပျက်စီးပျောက်ဆုံးမှုနှင့် လေလွင့်ဆုံးရှုံးမှုမရှိရန်၊ ကျောင်း သုံးစာအုပ်များနှင့် သတင်းစာများ ပုံနှိပ်ရာတွင် အရည်အသွေး ကောင်းမွန်ရန်၊ ပွင့်လင်းရာသီ ရောက်ရှိပြီဖြစ်၍ စက်ရုံ၊ အလုပ်ရုံ နှင့် ဝန်ထမ်းအိမ်ရာများအပါအဝင် မီးဘေးအန္တရာယ် သတိထားပြီး မီး၊ ရေ သုံးစွဲမှု စနစ်တကျရှိစေရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်း၊ လုပ်ငန်း စဉ် သတ်မှတ်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန် မှာကြားသည်။
သတင်းစဉ်