ဒေသတွင်း စိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   နိုဝင်ဘာ    ၉


ဒေသတွင်း စားရေရိက္ခာဖူလုံစေရန်နှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့များ၌  စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။ 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေနံနက်ပိုင်းတွင် ကမ်းရိုးတန်း ဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦးနှင့် တာဝန်ရှိ သူများက တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့ရှိ နယ်မြေခံတပ်နယ် အတွင်းမှ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေး ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်း ပြည့် အောင်မြင်အောင်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ  ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။        

သတင်းစဉ်