
နေပြည်တော် နိုဝင်ဘာ ၉
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက်ရင်းနှီး မြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ အမှုဆောင် အရာရှိချုပ် Mr. Alexander Sergeevich SHATIROV ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးတို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက်ရင်းနှီး မြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ အမှုဆောင် အရာရှိချုပ် Mr. Alexander Sergeevich SHATIROV နှင့်အတူ ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေး ရှင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov နှင့် တာဝန်ရှိ သူများတက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံစဉ် ရုရှား-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာမှု အခြေအနေများ၊ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက် လျက်ရှိမှုအခြေအနေများ၊ မြန်မာ နိုင်ငံမှ တွင်းထွက်သတ္တုများ ထုတ်လုပ်ရေးနှင့် တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ကိစ္စရပ်များ၊ စွမ်းအင်ထုတ်လုပ် ရေးဆိုင်ရာကိစ္စရပ်များ၊ သဘာဝ သယံဇာတများ ထိန်းသိမ်းနိုင် ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ် များ၊ စိုက်ပျိုးရေးလုပ်ငန်းများ အတွက် လိုအပ်သည့် ဓာတ်မြေ ဩဇာများ ထုတ်လုပ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံမှ ထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်၍ ရုရှားနိုင်ငံသို့ တင်ပို့နိုင်ရေးကိစ္စ ရပ်များ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရှေ့ဆက်ဆောင် ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ် ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ အဖွဲ့မှ အမှုဆောင်အရာရှိချုပ်တို့ သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ် ကြပြီး တက်ရောက်လာကြသူ များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်