
မုံရွာ နိုဝင်ဘာ ၈
မုံရွာမြို့ ထန်းတောရပ်ကွက် ရွှေညောင်ပင်လမ်းနေ အိမ်ရှင် သန်းဇော် (ခ) ကုလား နေအိမ်တွင် ယနေ့ နံနက် ၁၂ နာရီ ၂၅ မိနစ်က အိမ်ရှင်ဖြစ်သူ က ခြင်ထောင်မီးရှို့ရာမှစတင်ပြီး နေအိမ်ထရံသို့ကူးစက်ကာ မီးလောင်မှု ဖြစ်ပွားပြီး နေအိမ် ၃၂ လုံး ကူးစက်မီးလောင်ခဲ့ကာ မီးဘေးသင့်ပြည်သူ ၁၆၁ ဦးရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါမီးလောင်မှုဖြစ်ပွားရာနေရာသို့ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများ ပူးပေါင်း၍ မီးငြှိမ်းသတ်ယာဉ်များဖြင့် သွားရောက်ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီခွဲတွင် မီးလုံးဝငြှိမ်းသတ် နိုင်ခဲ့သည်။ မီးဘေးသင့်ပြည်သူများအား ယာယီတည်းခိုနေထိုင်နိုင်ရေး နှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးတို့အတွက် ဆေး ပေးခန်းများကို အဆိုပါထန်းတောရပ်ကွက်ရှိ ရွှေကြာဓမ္မဗိမာန်တော် တွင် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)