
ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ နိုဝင်ဘာလပထမပတ်တွင် စပါး၊ ဆန်ဈေးနှုန်းများ အနည်းငယ် ကျဆင်းနေကြောင်း၊ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီး/ပြည်နယ် များသို့ ဆန်စီးထွက်မှုမှာ အောက် တိုဘာလ နောက်ဆုံးပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၁၉၅၀၀၊ မန္တလေးသို့ အိတ်ရေ ၁၇၈၀၀၊ နေပြည်တော်သို့ အိတ်ရေ ၃၀၀၀၊ ရှမ်း (တောင်) သို့ အိတ်ရေ ၂၀၀၀၊ ရှမ်း (မြောက်) သို့ အိတ်ရေ ၂၀၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၅၀၀၊ စုစုပေါင်းအိတ်ရေ ၄၅၈၀၀၊ တန်အားဖြင့် ၂၂၉၀ စီးထွက် ခဲ့ပြီး နိုဝင်ဘာလ ဒုတိယပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသ ကြီး/ ပြည်နယ်များသို့ ဆန် စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၅၇၅၀၊ မန္တလေးသို့ အိတ်ရေ ၁၇၀၀၅၊ နေပြည်တော်သို့ အိတ်ရေ ၃၂၀၀၊ ရှမ်း (တောင်) သို့ အိတ်ရေ ၂၄၀၀၊ ပခုက္ကူသို့ အိတ် ရေ ၁၀၀၀၊ ကယားသို့ အိတ်ရေ ၄၀၀၊ စုစုပေါင်းအိတ်ရေ ၃၉၇၅၅၊ တန်အားဖြင့် ၁၉၈၈ တန် စီးထွက် ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ပထမပတ်တွင် ရွှေဘိုမြို့၌ ဖြစ်ပေါ်နေသော စပါး၊ ဆန်ဈေးနှုန်းများမှာ ရွှေဘို ပေါ်ဆန်း စပါး တင်း ၁၀၀ လျှင် ကျပ် ၃၇၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၅၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။
DOCA (စစ်ကိုင်း)