မန္တလေးတိုင်းဒေသကြီး၏ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီထွက်သီးနှံများ စိုက်ပျိုးသွားမည်

 

နေပြည်တော်   နိုဝင်ဘာ   ၈


နိုင်ငံ့စီးပွားမြှင့်တင်ရေး  ရန်ပုံငွေ ဖြင့်      မန္တလေးတိုင်းဒေသကြီး အတွင်း  ဆောင်ရွက်မည့် ဆီထွက် သီးနှံ နေကြာ၊ နှမ်း၊ မြေပဲလျာထား ဧက   ပြည့်မီစွာစိုက်ပျိုးနိုင်ရေး နှင့်  ပန်းတိုင်အထွက်နှုန်း  ရရှိစေ ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကို    ယမန်နေ့     နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး    ဆည် မြောင်းနှင့် ရေအသုံးချမှု  စီမံခန့်ခွဲ ရေးဦးစီးဌာန ဧည့်ခန်းမ၌ ကျင်းပ ရာ   တိုင်းဒေသကြီး    ဝန်ကြီးချုပ် ဦးမျိုးအောင်၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန      ဒုတိယဝန်ကြီး         ဦးဗိုလ်ဗိုလ် ကျော်နှင့် တိုင်းဒေသကြီး ဝန်ကြီး များ၊     တိုင်းဒေသကြီးအဆင့် လယ်ယာကဏ္ဍဆိုင်ရာ     တာဝန်ရှိ  သူများ      တက်ရောက်ဆွေးနွေး ကြသည်။


ထို့နောက်       ဒုတိယဝန်ကြီး သည်       မန္တလေးတိုင်းဒေသကြီး လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိ သူများနှင့်တွေ့ဆုံ၍   နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင် ရွက်မည့် လုပ်ငန်းများအားလုံးနှင့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာ စီမံကိန်းများ       အောင်မြင်စွာ  အကောင်အထည်ဖော်     ဆောင် ရွက်နိုင်ရေး၊      ပြည်တွင်းစားရေ ရိက္ခာဖူလုံရေးနှင့် ပို့ကုန်တိုးမြှင့် ရေး၊ ပြောင်းလဲသက်ရောက်လျက် ရှိသည့် ရာသီဥတုနှင့် အယ်လ်နီညို ဖြစ်စဉ်များကြောင့်       ဆန်စပါး အပါအဝင်   သီးနှံစုံ၏    စိုက်ပျိုး ထုတ်လုပ်မှု     ထိခိုက်မှုမဖြစ်ပေါ် စေရေး၊ တိရစ္ဆာန်သောက်သုံးရေ မပြတ်လပ်စေရေး၊    လုပ်ငန်း  စာရင်းဇယားများ      မှန်ကန်ရေး အလေးထားဆောင် ရွက်ကြရန် ဆွေးနွေးမှာကြားသည်။


ဆက်လက်၍      ဦးစီးဌာန အလိုက် တိုင်းဒေသကြီး ဦးစီးမှူး များက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်း ဆောင်ရွက်ချက်များအား    ရှင်းလင်းတင်ပြကြရာ    ဒုတိယ ဝန်ကြီးက လုပ်ငန်းဆိုင်ရာလိုအပ် သည်များ ဖြည့်စွက်မှာကြားသည်။


ထို့နောက်     ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများသည်    ဆည် တော်ကြီး          ရေသောက်စနစ်၊     မန္တလေး တူးမြောင်းမကြီး ပေတိုင် (၁၇၅၄၀၀) အိုင်ကြီး CDC အနီး   မြောင်းပေါင် ကျိုးပေါက်မှု၊  ယာယီ ပြုပြင် ပြီးစီးမှုအခြေအနေများနှင့်  ပြည်ကြီးတံခွန်မြို့နယ် မန္တလေး စက်မှုဇုန်  (၁)  ရှိ  ဓူဝံဆီစက်၏ မြေပဲဆီသန့် အဆင့်ဆင့်ထုတ်လုပ် နေမှုကို ကြည့်ရှုအားပေးသည်။


ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး သည် တံတားဦးမြို့ရှိ  အမှတ်(၂၃)  စက်မှုလယ်ယာစခန်း၏ လုပ်ငန်း ဆောင်ရွက်ချက်များကို  ကြည့်ရှု စစ်ဆေးပြီး စက်မှုလယ်ယာဦးစီး ဌာန  တာဝန်ရှိသူများနှင့်  တွေ့ဆုံ ၍ လယ်ယာဝန်ဆောင်မှုအသင်း များ    ဖွဲ့စည်းနိုင်ရေး၊   ရိတ်သိမ်း ခြွေလှေ့စက်များ ရွှေ့ပြောင်းရာ တွင် အဆင်ပြေချောမွေ့စေရန်နှင့်     ရိတ်သိမ်းခြွေလှေ့ခြင်း     လုပ်ငန်း များတွင် ကြုံတွေ့နေရသည့် အခက် အခဲများအပေါ် သက်ဆိုင်ရာဌာန များနှင့်    ညှိနှိုင်းဆောင်ရွက်နိုင် မည့်  နည်းလမ်းများနှင့် ပတ်သက် ၍  ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။      

          
သတင်းစဉ်