ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ

 

နေပြည်တော်    နိုဝင်ဘာ     ၈


သယံဇာတနှင့်   သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီး မြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ    Mr.  SHATIROV Alexander Sergeevich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ်     မြန်မာနိုင်ငံတွင်     အဆင့်မြင့် နည်းပညာအသုံးပြု၍    ဘူမိဗေဒမြေပုံရေးဆွဲခြင်း၊ ဓာတ်သတ္တု   ရှာဖွေစမ်းသပ်ခြင်းနှင့်  ဓာတ်သတ္တု ဆိုင်ရာအချက်အလက်များ    စုစည်းသုံးသပ်ခြင်း  ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။


တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်း ဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။


သတင်းစဉ်