တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ငပုတောမြို့နယ်နှင့် ဟင်္သာတမြို့နယ်တို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော်  နိုဝင်ဘာ   ၇


ရန်ကုန်တိုင်းဒေသကြီး      ကိုကိုး ကျွန်းမြို့နယ်နှင့်    ဧရာဝတီတိုင်း ဒေသကြီး    ဟိုင်းကြီးကျွန်းနှင့် အနီး ပတ်ဝန်းကျင်ကျေးရွာများနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုး တန်းဒေသတစ်လျှောက်မှ ဒေသခံ ပြည်သူများအား       ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးရန်   တပ်မတော်မှ  ပါရဂူ များ၊   ဆေးမှူးများ၊   သူနာပြုများ နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြု များပါဝင်သော နယ်လှည့်အထူးကု ဆေးအဖွဲ့       လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင်  ဧရာဝတီတိုင်းဒေသကြီး ငပုတော မြို့နယ်၊      ဟိုင်းကြီးကျွန်းမြို့သို့ ရောက်ရှိကြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက     သောင်း သောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ နယ်လှည့်အထူးကု ဆေးအဖွဲ့သည်     ဟိုင်းကြီးကျွန်း မြို့  တပ်မတော်ဆေးရုံ  (ခုတင်-၂၅)   ၌   အခြေပြု၍     အဆိုပါရွာ နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ   ၁၀၁၅   ဦးအား ကျန်းမာရေး     စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။


ထိုသို့ ဆောင်ရွက်ပေးရာတွင်  နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ  ၃၄၂ ဦး၊ ခွဲစိတ်ရောဂါ ၇၃ ဦး၊ သားဖွား/ မီးယပ်ရောဂါ   ၃၈  ဦး၊   ကလေး ရောဂါ ၅၄ ဦး၊ အရိုးရောဂါ ၁၃၉ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ ၆၈ ဦး၊  မျက်စိရောဂါ ၂၁၈ ဦးနှင့်    သွားနှင့်  ခံတွင်းရောဂါ ၈၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ  ခုနစ်ဦး၊          မျက်စိခွဲစိတ်လူနာ ခုနစ်ဦး၊ ဓာတ်မှန် ရိုက်လူနာ ၄၀၊ အာထရာဆောင်းဖြင့်     စမ်းသပ် စစ်ဆေးလူနာ ၄၂ ဦး၊ ECG စက် ဖြင့် နှလုံးစမ်း သပ်လူနာ ၂၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ  ၅၀  တို့ကို ရောဂါရှာဖွေစမ်းသပ် ခွဲစိတ်ကုသ ပေးခြင်းများ    ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်      ကုသရန် လိုအပ်သူ ၁၀ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံနှင့်     ပြည်သူ့ ဆေးရုံများသို့ တက်ရောက်ကုသ နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ 


ထိုသို့    ကျန်းမာရေး   စောင့် ရှောက်နေမှုများကို     နယ်မြေခံ ရေတပ်စခန်းဌာနချုပ်မှ ဌာနချုပ် မှူးနှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုအားပေး၍ ဆေးရုံတက် ရောက်နေသည့်      လူနာများနှင့် မျက်စိ          ခွဲစိတ်လူနာများအား မျက်မှန်များ     တပ်ဆင်ပေးပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာ များနှင့် လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ကြသည်။


ထို့ပြင်      ငပုတောမြို့နယ်ကန်မလာကျေးရွာနေ    ဦးမြင့်ဦး​၏ဇနီးဖြစ်သူ   ဒေါ်အိရွှေစင်  ၏ သုံးယောက်မြောက် သမီးရတနာ ကို သားဖွားမီးယပ်ပါရဂူ ဗိုလ်ကြီး ဉာဏ်လင်းအောင်က တပ်မတော် ပင်လယ်သွား      ဆေးရုံရေယာဉ် (သံလွင်) ပေါ်၌ နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီ ၇မိနစ်တွင် မွေးဖွား ပေးခဲ့ရာ         ကိုယ်အလေးချိန် ခုနစ်ပေါင်ရှိပြီး မိခင်နှင့် ကလေးမှာ ကျန်းမာရေး    ကောင်းမွန်လျက် ရှိသည်။    အဆိုပါ     ကလေးငယ် အတွက်    ကာကွယ်ရေးဦးစီးချုပ် (ရေ) မှ ပေးအပ်သည့် ထောက်ပံ့ ငွေနှင့် အာဟာရဖြည့် စားသောက် ဖွယ်ရာများကို     ပမ္မဝတီရေတပ် စခန်း  ဌာနချုပ်မှူးက ပေးအပ်ခဲ့ သည်။ အဆိုပါ ကလေးငယ်သည် ယခုခရီးစဉ်အတွင်း ဒုတိယအကြိမ် မွေးဖွားသည့် ကလေးငယ်ဖြစ်ပြီး တပ်မတော်ပင်လယ်သွား ဆေးရုံ ရေယာဉ် (သံလွင်) ၏ ဆေးကုသမှု သမိုင်းမှတ်တမ်းတွင် အယောက် ၂၀ မြောက်အဖြစ် အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ခြင်းဖြစ်သည်။


ထို့အတူ    ယနေ့မွန်းလွဲပိုင်း တွင် ငပုတောမြို့နယ် ညောင်ဝိုင်း ကျေးရွာနေ ဦးသီဟ၏ ဇနီးဖြစ်သူ  ဒေါ်နန်းမိုးထွေး၏  ဒုတိယမြောက် သမီးရတနာကို       တပ်မတော် ပင်လယ်သွား     ဆေးရုံရေယာဉ် (သံလွင်) ပေါ်၌ သားဖွားမီးယပ် ပါရဂူ ဗိုလ်ကြီး ဉာဏ်လင်းအောင် က     ခွဲစိတ်     မွေးဖွားပေးခဲ့ရာ ကိုယ်အလေးချိန်   ၆   ပေါင်   ၈ အောင်စရှိပြီး မိခင်နှင့်ကလေးမှာ ကျန်းမာရေး ကောင်းမွန်မှုရှိကြောင်း နှင့်       တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်  (သံလွင်)     ၏ ဆေးကုသမှုသမိုင်းမှတ်တမ်းတွင် ၂၁  ဦးမြောက်  ကလေးငယ်ဖြစ် ကြောင်း သိရှိရသည်။


အလားတူ     တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြု များပါဝင်သော နယ်လှည့်အထူးကု ဆေးအဖွဲ့      လိုက်ပါလာသည့် တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေ ယာဉ်   (စကု)   တို့သည်    ယနေ့ တွင် ဟင်္သာတမြို့ရှိ  လယ်တော် ပရိယတ္တိစာသင်တိုက်၌ အခြေပြု၍ မြို့ပေါ် ရပ်ကွက်များနှင့် ပတ်ဝန်း ကျင်ကျေးရွာများမှ        ဒေသခံ ပြည်သူ ၆၅၇ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု        လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။


ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ  ရောဂါ ၂၂၈ ဦး၊ ခွဲစိတ်ရောဂါ ၇၇ ဦး၊ သားဖွား/ မီးယပ်ရောဂါ   ၁၄  ဦး၊  ကလေး ရောဂါ ၁၃ ဦး၊ အရိုးရောဂါ ၁၂၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ ၄၆ ဦး၊ မျက်စိရောဂါ ၁၀၆ ဦးနှင့်  သွားရောဂါ  ၄၅  ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ      ရှစ်ဦး၊ ဓာတ်မှန်ရိုက်လူနာ သုံးဦး၊ တယ်လီ ဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၃၀၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ကိုးဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ရှစ်ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ခွဲစိတ်ကုသပေးခြင်းများ ဆောင် ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သည့်  လူနာများ အား  နီးစပ်ရာ တပ်မတော်ဆေးရုံ များသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးပြီး   ကိုဗစ်-၁၉    ရောဂါ   အားဖြည့်ကာကွယ် ဆေးထိုးနှံရန်လိုအပ်သည့် ဒေသခံ ပြည်သူ ၁၂၀ တို့ကို ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။


ယင်းနောက်     လယ်တော် ပရိယတ္တိစာသင်တိုက် ဘုန်းတော် ကြီးသင်       ပညာရေးကျောင်းမှ ကျောင်းသား ကျောင်းသူများအား သွားရောဂါကုသမှုပါရဂူက သွား နှင့် ခံတွင်း ကျန်းမာရေးအကြောင်း အသိပညာပေး         ဟောပြောပြီး ကလေးကုသမှု ပါရဂူနှင့် မျက်စိ၊ နား၊     နှာခေါင်း၊     လည်ချောင်း ပါရဂူတို့က ကလေးငယ်များအား ကျန်းမာရေး          စစ်ဆေးမှုများ ဆောင်ရွက်ပေးသည်။        ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တာဝန် ရှိသူများက      လိုက်လံကြည့်ရှု အားပေးပြီး     လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။


ယခုကဲ့သို့ ကျန်းမာရေးဆောင် ရွက်ပေးမှုများအပေါ်      ဒေသခံ ပြည်သူများ၏ စကားသံများကို ယခုလိုကြားသိခဲ့ရပါသည် -


မသဇင်အောင်
(မဲခရဲကျေးရွာ ဟိုင်းကြီးကျွန်း)


‘‘ကျန်ခဲ့တဲ့နှစ်က  ကျွန်မတို့ ဟိုင်းကြီးကျွန်းကို    တပ်မတော် နယ်လှည့်      ဆေးကုသရေးအဖွဲ့ က  လာရောက်ဆေးကုသပေးလို့ နားသွားပြလိုက်ပါတယ်။ သက်သာ ပါတယ်။   အခုတစ်ခေါက်လည်း  ကျွန်မတို့     မဲခရဲကျေးရွာကနေ ဟိုင်းကြီးကျွန်းကို      လာရောက် ဆေးကုသမှု    ခံယူတာပါ။    အခု ကျောက်ကပ်ရောဂါ     ဖြစ်နေလို့  ဆေးကုသမှု     ခံယူဖို့လာတာပါ။  အခုလို    လာရောက်ကုသပေးတဲ့ အဖွဲ့ကို      အထူးကျေးဇူးတင်ပါ တယ်။      ဘာဖြစ်လို့လဲဆိုတော့ တစ်ဦးတည်း        မဟုတ်ပါဘူး။ လူကြီး၊   လူငယ်    အကုန်လုံးကို လာရောက်ပြီး      ကုသပေးရတဲ့ အတွက် ဒီထက်မက တစ်နှစ်ပြီး တစ်နှစ် လာရောက်ကုသပေးစေ ချင်ပါတယ်။ အခုလို့ စီစဉ်ပေးတဲ့ တပ်မတော်     ကာကွယ်ရေးဦးစီး ချုပ်နဲ့  တာဝန်ရှိသူများအားလုံးကို အထူးပဲကျေးဇူးတင်ပါ တယ်’’ ဟု ပြောသည်။


ဦးကံမြင့်
(ရွှေစေတီရပ်ကွက် ဟင်္သာတမြို့)


‘‘မျက်စိကွယ်သွားလို့၊ မျက်စိ မမြင်ရလို့      လာရောက်ကုသခံ တာပါ။   အခုမှပဲ   ကျွန်တော်တို့ လည်း   စေတနာဆရာဝန်ဆိုတာ  ဒီတစ်ခါပဲ     မြင်ဖူးတော့တယ်။ သိပ်တော့မကြာသေးဘူး။ တစ်ဖက် တည်း   မြင်နေရတာ  ၁ဝ  ရက် လောက်တော့ရှိပြီ။ အခုလိုက်ပြီး ကုသပေးနေတယ်           ကြားလို့ ကျွန်တော်လည်း လာရောက်ကုသ ရတာ။ လာပြီးကုတော့ အခုမြင် ရတော့   ဝမ်းလည်းသာပါတယ်။   ဒီကလုပ်ပေးတာ      တော်တော်   စေတနာပါတယ်။    အဲဒါကြောင့် မလို့  စေတနာဆရာဝန် ဒီတစ်ခါပဲ မြင်ဖူးတာလို့ ပြောတာဗျ။ ကုပေး တဲ့ ဆရာဝန်တွေရော၊  ကျွန်တော့် ကို     ဝိုင်းဝန်းလုပ်ကိုင်ပေးတဲ့သူ တွေကိုရော အများကြီးဝမ်းသာ ပါတယ်။      အခုလိုကုသပေးတဲ့    ဆရာဝန်တွေကိုလည်း    အများ ကြီး          ကျေးဇူးတင်ပါတယ်။ စေတနာဆရာဝန်ရှိတယ်ဆိုတာ ဒီတစ်ခါပဲ   မြင်ဖူးပါတယ်’’     ဟု ပြောသည်။


သတင်းစဉ်