
နေပြည်တော် နိုဝင်ဘာ ၄
လုပ်ငန်းစီမံကိန်း စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စက်မှု ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ စက်မှုဝန်ကြီးဌာနမှ အရာရှိကြီးများ နှင့် တာဝန်ရှိသူများ၊ စက်ရုံ/အလုပ်ရုံများမှ စက်ရုံမှူး များ၊ ဒုတိယစက်ရုံမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ ဦးစီးဌာနမှူးများ၊ စက်မှုသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဦးစီး ဌာန၊ လုပ်ငန်းများအနေဖြင့် လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ရာတွင် စနစ်တကျဆောင်ရွက် ကြရန်လိုကြောင်း၊ သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ် နည်း၊ အမိန့်၊ ညွှန်ကြားချက်များကို သိရှိနားလည် သဘောပေါက်ပြီး လိုက်နာဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ သို့မှသာ စီမံကိန်းလုပ်ငန်းများကို အမှား အယွင်းကင်းရှင်းစွာဖြင့် အောင်မြင်စွာအကောင်အထည် ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် သင်တန်းသို့ တက်ရောက်လာကြသည့် အရာရှိများ အနေဖြင့် ရှင်းလင်းဆွေးနွေး ပို့ချချက်များကို လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်သည် အထိ နာယူမှတ်သားဆောင်ရွက်ကြရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယစာရင်းစစ်ချုပ်က စီမံကိန်း စီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် စီမံကိန်းအောင်မြင်မှု သော့ချက်များ ခေါင်းစဉ်ဖြင့် စီမံကိန်းရေးဆွဲ အကောင်ထည်ဖော်မှုဆိုင်ရာ အချက်အလက်များ စစ်ဆေးခြင်း၊ လုပ်ငန်းစီမံကိန်းများနှင့် သက်ဆိုင် သည့် စစ်ဆေးတွေ့ရှိချက်များ၊ အကြုံပြုတင်ပြချက်၊ စီမံကိန်းလုပ်ငန်းစဉ်အဆင့်များ၊ စီမံကိန်းရေးဆွဲခြင်း ဆိုင်ရာအခြေခံမူများ၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ စိစစ်အကဲဖြတ်ခြင်း၊ လူမှုရေးဆိုင်ရာ အကျိုး သက်ရောက်မှုများအား အကဲဖြတ်ခြင်း၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများအား အကဲဖြတ်ခြင်း၊ စီမံကိန်းအား စောင့်ကြည့်ကြီးကြပ် ရမည့်အေဂျင်စီများ၊ ယူနစ်များ သတ်မှတ်မှုနှင့်တာဝန် များ၊ စီမံကိန်းအစီအစဉ်ရေးဆွဲရာတွင် ပါဝင်ရမည့် အချက်များ၊ စီမံကိန်းဖြစ်နိုင်ခြေ လေ့လာဆန်းစစ် ချက်အစီရင်ခံစာတွင် ပါဝင်ရမည့်အချက်များ၊ စီမံကိန်း ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ရန်ပုံငွေရရှိမှု၊ စီမံကိန်းအကောင်အထည်ဖော်ခြင်း၊ စောင့်ကြည့် ကွပ်ကဲခြင်းနှင့်အကဲဖြတ်ခြင်း၊ ပြည်ထောင်စုစာရင်း စစ်ချုပ်ဥပဒေအရ စီမံကိန်းလုပ်ငန်းများ စစ်ဆေးမှု၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဆောင်ရွက်လျက် ရှိသည့် စစ်ဆေးရေးအမျိုးအစားများ၊ စီမံကိန်းများ အား စစ်ဆေးရာတွင် အသုံးပြုသည့်အချက်အလက် များကို ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာကြသူ များက သိရှိလိုသည်များကို မေးမြန်းကြပြီး ဒုတိယ စာရင်းစစ်ချုပ်က အသေးစိတ် ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။
ဝန်ထမ်းများအနေဖြင့် လုပ်ငန်းစီမံကိန်းကြီးများ၊ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပိုမိုနားလည်တတ်ကျွမ်း စေရန်နှင့်ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက် များနှင့်အညီ အောင်မြင်စွာ အကောင်အထည်ဖော်နိုင် ရေး၊ စာရင်းစစ်ချုပ်ရုံးမှ ကန့်ကွက်ချက်များ မဖြစ် ပေါ်စေရေးအတွက် လုပ်ငန်းစီမံကိန်း စီမံခန့်ခွဲမှု (Project Management) ဘာသာရပ်သင်တန်းကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ညှိနှိုင်းဖွင့်လှစ် ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်