­­­­­­­­­ရွှေသွေးဂျာနယ်ထွက်ရှိ

 

နေပြည်တော်   နိုဝင်ဘာ  ၂


ပြန်ကြားရေးဝန်ကြီးဌာန    ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန    စာပေဗိမာန်ရုံးက အပတ်စဉ်စနေနေ့တိုင်း   ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။


၄ -  ၁၁ - ၂၀၂၃  ရက်(စနေနေ့)တွင် ထွက်ရှိမည့်   ရွှေသွေးဂျာနယ်အတွဲ (၅၅)၊    အမှတ် (၄၄­­)တွင် ဂမ္ဘီရတောကြီးထဲရှိ တိရစ္ဆာန် များကို   ဒုက္ခပေးသော   ဖွတ်နဂါးကြီးကို ဘော်ဘော်နှင့်အဖွဲ့က  ဝိုင်းဝန်းတိုက်ထုတ် လိုက်သည့်အကြောင်း  တင်ဆက်ထားသည့် “ကိုမိုဒိုနဂါး”မျက်နှာဖုံးဇာတ်လမ်း၊  မြောင်းထဲ ကျသွားသည့် ခွေးလေးကို  ကယ်ပေးလိုက်သည့် နီမနှင့်ပုပုတို့သည် ထိုစေတနာ၏ အကျိုးကို ခံစားရကြောင်း       တင်ဆက်ထားသည့် “နှစ်ယောက်အတူတူ” နှစ်မျက်နှာကာတွန်း၊    စာမေးပွဲဖြေဆိုရမည့် မောင်ဖိုးထူးကို  မိသားစု ဝင်များက   စိုးရိမ်စိတ်ဖြင့် တစ်ယောက်တစ်မျိုး မှာကြားသည့်အတွက်    စိတ်ရှုပ်သွားသည့် အကြောင်း တင်ဆက်ထားသည့် “ဖိုးထူးနဲ့ မိချော-မေ့ကုန်ပြီ”  တစ်မျက်နှာကာတွန်း၊ မြန်မာ လူမျိုးဖြစ်သည့်အတွက် မြန်မာစာကို  ကျွမ်းကျင်အောင် တတ်မြောက်သင့်ပုံ၊ မြန်မာ စာပေဖြင့်  လူမျိုးဂုဏ်ကို   မြှင့်တင်သင့်ပုံနှင့်    စာကို  ကြိုးစားသင့်ပုံအကြောင်း  တင်ဆက် ထားသည့်     “အမြတ်နိုးဆုံးအရာ” နှစ်မျက်နှာ ကာတွန်း၊        ငှက်သံတွေကို       ကြားချင် ပါက    ငှက်လှောင်အိမ်   ဝယ်စရာမလိုဘဲ  သစ်ပင်၊  ပျိုးပင်များ  စိုက်ပျိုးသင့်ကြောင်း တင်ဆက်ထားသည့် “ဖိုးလပြည့်” မျက်နှာဝက်   ကာတွန်း၊  ကျောင်းတက်ရာတွင်  ပညာကို ကြိုးစားသင်ယူသင့်ပုံ၊ စာမတတ်သူ ပပျောက် စေရေးအတွက်  ဝိုင်းဝန်းကူညီ  ဖေးမသင့်ပုံ၊ သက်ကြီးရွယ်အိုများကိုလည်း         စေတနာနှင့် သင်ကြားပေးသင့်ပုံ၊    လူတိုင်းစာတတ်မှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်နိုင်ပုံကို ရေးဖွဲ့ထား သည့်    “စာတတ်မြောက်ရေး   ဝိုင်းကူပေး” ကဗျာကဏ္ဍ၊ သုတကဏ္ဍ၊ အင်္ဂလိပ်စာသင်ခန်း စာကဏ္ဍ၊  ဉာဏ်စမ်းကဏ္ဍ၊  ဝတ္ထုကဏ္ဍနှင့် ပုံပြင်ကဏ္ဍအပါအဝင် ကဏ္ဍစုံလင်စွာ ထွက်ရှိ ပြီဖြစ်ရာ တစ်စောင်လျှင်ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။­    

သတင်းစဉ်