၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ကျင်းပပြုလုပ်မည်

နေပြည်တော်    အောက်တိုဘာ   ၃၁


အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ  တိုက်ကွမ်ဒိုအဖွဲ့ချုပ်တို့  ပူးပေါင်းကျင်းပသည့်  “၂၀၂၃ခုနှစ်၊ ပြည်နယ် နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ” ကို  နိုဝင်ဘာ ၇ ရက်မှ ၁၁ ရက်အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်  အမျိုးသားအသင်း ၁၅ သင်း၊ အမျိုးသမီးအသင်း ၁၅ သင်း ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်၍   အားကစားကိုစိတ်ပါဝင်စားသည့်  မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ (အခမဲ့) လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။ 


သတင်းစဉ်