ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ကမ်းရိုးတန်းဒေသတို့တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ထွက်ခွာ

 

နေပြည်တော် အောက်တိုဘာ ၃၁ 


တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီး ဌာန နယ်လှည့်အထူးကုဆေးအဖွဲ့ တို့မှ    ပါရဂူများ၊    ဆေးမှူးများ နှင့် သူနာပြုများ   ပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်) သည် ရန်ကုန် တိုင်းဒေသကြီး      ကိုကိုးကျွန်း မြို့နယ် ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်း    ပတ်ဝန်းကျင် ကျေးရွာများနှင့် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်ရှိ  မြို့နယ်၊ ကျေးရွာ များမှ   ဒေသခံပြည်သူများအား ကျန်းမာရေး     စောင့်ရှောက်မှု လုပ်ငန်းများ     ဆောင်ရွက်ပေး ရန်အတွက်   ယနေ့ မွန်းလွဲပိုင်း တွင်   ရန်ကုန်မြို့   အမှတ်(၃)ရေတပ်ဆိပ်ခံတံတား (သီလဝါ)မှ ထွက်ခွာကြရာ   တပ်မတော်(ရေ) မှ အရာရှိကြီးများနှင့်   အရာရှိ၊ စစ်သည်၊ မိသားစုများက ပို့ဆောင် နှုတ်ဆက်ကြသည်။


အဆိုပါ တပ်မတော်ပင်လယ် သွားဆေးရုံရေယာဉ် (သံလွင်)တွင် တပ်မတော်နှင့်    ကျန်းမာရေး ဝန်ကြီးဌာနတို့မှ     ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုအရာရှိများ၊ သူနာပြုစစ်သည်များနှင့်သူနာပြုရဲမေများလိုက်ပါသွားကာ ရန်ကုန် တိုင်းဒေသကြီး      ကိုကိုးကျွန်း မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်း    ပတ်ဝန်းကျင် ကျေးရွာများနှင့် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာ များမှ    ဒေသခံပြည်သူများအား ခွဲစိတ်ကုသမှုရောဂါ၊    သားဖွား မီးယပ်ရောဂါ၊   ကလေးရောဂါ၊ အရိုးရောဂါ၊ မျက်စိရောဂါ၊  နား/ နှာခေါင်း/လည်ချောင်းရောဂါ၊ သွား နှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍  ကျန်းမာရေး စောင့်ရှောက်မှု     လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ECG စက်၊ X-Ray စက်၊ ဓာတ်မှန် ရိုက်စက်များဖြင့်    ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းနှင့် ဓာတ်ခွဲ စမ်းသပ် စစ်ဆေးပေးခြင်းများကို လည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်းစဉ်