
နေပြည်တော် အောက်တိုဘာ ၃၁
ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူး တိုင်းဒေသကြီးအတွင်း ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝ ကျွန်းပေါ်နေ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးရန်အတွက် တပ်မတော် နယ်လှည့်အထူးကု ဆေးအဖွဲ့နှင့်ကျန်းမာရေးဝန်ကြီး ဌာနနယ်လှည့်အထူးကု ဆေးအဖွဲ့ တို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမှတ်(၄) ရေတပ်ဗော တံတားမှ ထွက်ခွာရာ တပ်မတော် (ရေ)မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ပို့ဆောင် နှုတ်ဆက်ကြသည်။
အဆိုပါ နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ဧရာဝတီမြစ် ကြောင်းတစ်လျှောက်ရှိ ဒေသခံ ပြည်သူများအား ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ သားဖွားမီးယပ် ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွားရောဂါ၊ အထွေ ထွေရောဂါတို့နှင့်ပတ်သက် ၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး X-Ray ရိုက်ခြင်း၊ Ultrasound ရိုက်ခြင်းနှင့် ရောဂါ ဗေဒပါရဂူများဖြင့် ရောဂါရှာဖွေ စမ်းသပ်ကုသခြင်းများ ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။
ထို့ပြင်အရေးပေါ်အခြေအနေပေါ်ပေါက်ပါက ဆေးရုံတင်ကုသမှု များ ဆောင်ရွက်ပေးရန်အတွက် ဆေးရုံရေယာဉ်ပေါ်တွင် လူနာ ၃၀ အထိ တင်ဆောင်ကုသနိုင်သည့် ခွဲစိတ်ခန်း၊ သားဖွား/မီးယပ်ခန်း၊ စမ်းသပ်ခန်းနှင့် အထူးကြပ်မတ် ကုသဆောင်များလည်း ပါရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်