ဘဏ်နှင့်မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ အသုံးပြု၍ ငွေကြေးလိမ်လည်မှုဆိုင်ရာ ကိစ္စရပ်များအား  ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အများပြည်သူသို့ အသိပညာပေးရေးဆောင်ရွက်

ဘဏ်နှင့်မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ အသုံးပြု၍ ငွေကြေးလိမ်လည်မှုဆိုင်ရာ ကိစ္စရပ်များအား 
ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အများပြည်သူသို့ အသိပညာပေးရေးဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ 
မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများကြီးကြပ်မှုကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

 

ရန်ကုန်   အောက်တိုဘာ   ၃၁


မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးဆောင်သည့်  မိုဘိုင်းငွေရေးကြေးရေး     ဝန်ဆောင်မှုလုပ်ငန်းများ ကြီးကြပ်မှုကော်မတီ၏   ဘဏ်နှင့်   မိုဘိုင်းငွေရေး ကြေးရေး   ဝန်ဆောင်မှုလုပ်ငန်းများ     အသုံးပြု၍ ငွေကြေးလိမ်လည်မှုဆိုင်ရာ       ကိစ္စရပ်များအား ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အများ  ပြည်သူသို့ အသိပညာပေးရေးဆောင်ရွက်မည့် အစီ အစဉ်များနှင့် ငွေကြေးလိမ်လည်မှုများကို အချိန်မီ  တားဆီးနိုင်ရေးနှင့် အရေးယူမှုမြန်ဆန်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့  (Action Task Force)  ဖွဲ့စည်းရေး ဆိုင်ရာ  ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့    မြန်မာနိုင်ငံတော်ဗဟိုဘဏ်  ဥက္ကဋ္ဌ ဒေါ်သန်းသန်း‌ဆွေ၊ မိုဘိုင်းငွေရေးကြေးရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များဖြစ်သည့် ပြည်ထဲ ရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မှုခင်းရဲတပ်ဖွဲ့၊     ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့်     ပြည်သူ့အင်အားဝန်ကြီးဌာန၊ ငွေကြေးဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့ (FIU)၊  မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ   တာဝန်ရှိသူများ၊   ပုဂ္ဂလိက ဘဏ်များနှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက ဆက်သွယ်ရေးကွန်ရက်မှတစ်ဆင့် ငွေကြေး လိမ်လည်မှုများနှင့် စပ်လျဉ်း၍ တားဆီးကာကွယ် ရန်  သတင်းအချက်အလက်ရယူခြင်းနှင့်  စစ်ဆေး ဖော်ထုတ်  အရေးယူခြင်းဆိုင်ရာ  လုပ်ထုံးလုပ်နည်း များ (Standard Operation Procedure-SOP) အပေါ်     ဌာနဆိုင်ရာများ၊     ပုဂ္ဂလိကဘဏ်များနှင့် မိုဘိုင်းငွေရေးကြေးရေး   ဝန်ဆောင်မှုလုပ်ငန်းများ အနေဖြင့် အကောင်အထည်ဖော် လိုက်နာဆောင်ရွက် နိုင်ရေး၊  ငွေကြေးလိမ်လည်မှုများ  အချိန်မီ တားဆီး နိုင်ရေးနှင့်  အရေးယူမှုမြန်ဆန်ရေးဆိုင်ရာလုပ်ငန်း အဖွဲ့ ဖွဲ့စည်းပြီး   စနစ်တကျဆောင်ရွက်နိုင်ရေးနှင့် ငွေကြေးလိမ်လည်မှုဆိုင်ရာ အသိပညာပေး အစီအစဉ် များနှင့်စပ်လျဉ်း၍ မှာကြားသည်။ 


ထို့နောက် အစည်းအဝေးတက်ရောက်သူများက  ငွေကြေးလိမ်လည်မှုများ အချိန်မီတားဆီးနိုင်ရေးနှင့် အရေးယူမှုမြန်ဆန်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ (Action Task Force) ဖွဲ့စည်းရေးနှင့် အဖွဲ့၏ လုပ်ငန်းတာဝန် များ၊   ငွေကြေးလိမ်လည်မှုနှင့်စပ်လျဉ်း၍    အများ ပြည်သူ    အလွယ်တကူသိရှိနိုင်စေရန်    မိုဘိုင်းပေး  Website    များတွင်     အသိပေးဖော်ပြထားမှုများ၊ Social Media အသုံးပြု၍ အသိပညာပေး အစီအစဉ် ဆောင်ရွက်နေမှုများ၊  ငွေကြေးလိမ်လည်မှုဆိုင်ရာ အသိပညာပေး  ဆွေးနွေးပွဲများကို   နေပြည်တော်၊ ရန်ကုန်နှင့်   မန္တလေးမြို့ကြီးများတွင်   ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊  မိုဘိုင်း ပေးချေမှုဆိုင်ရာ အသုံးပြုသူများ အလွှာအသီးသီးမှ  ဆောင်ရွက်နိုင်ရေးတို့ကို  ရှင်းလင်းတင်ပြပြီး မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက   ငွေကြေးလိမ်လည် မှုများ    တားဆီးအရေးယူမှုဆိုင်ရာ   လုပ်ငန်းအဖွဲ့ (Action Task Force) အနေဖြင့် ငွေကြေးလိမ်လည် မှုဖြစ်သည်နှင့်တစ်ပြိုင်တည်း ချက်ချင်းထိရောက်စွာ တားဆီးဖော်ထုတ်      အရေးယူဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ အသိပညာပေးမှုဆိုင်ရာ ကိစ္စရပ် များ ဆောင်ရွက်ရာတွင်   တစ်နိုင်ငံလုံး  အတိုင်းအတာ ဖြင့် ပြည်သူလူထုတစ်ရပ်လုံး သိရှိနိုင်စေရန် ငွေကြေး လိမ်လည်မှုများကို      ဖြစ်စဉ်တစ်ခုချင်းစီအလိုက် နမူနာထားပြီး    ဝန်ဆောင်မှုပေးသူများ    အစုအဖွဲ့၊ အသုံးပြုသူများ  အစုအဖွဲ့၊     ဥပဒေစည်းမျဉ်းထိန်း ကျောင်းသူများ အစုအဖွဲ့များက  ရှင်းလင်းလွယ်ကူစွာ  အသိပေးရန်လိုအပ်ကြောင်း     ဆွေးနွေးအကြံပြု ခဲ့သည်။ 


ထို့ပြင်    မြန်မာနိုင်ငံတော်ဗဟိုဘဏ်    ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ယနေ့နံနက်ပိုင်းက  မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၊   ရန်ကုန်ဘဏ်ခွဲတွင်  ဘဏ် လုပ်ငန်းကြီးကြပ်စစ်ဆေးရေးဌာန၏  Onsite Team များမှ  အရာထမ်းများနှင့်တွေ့ဆုံသည်။  
တွေ့ဆုံစဉ် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ က ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေးဌာနရှိ အရာ ထမ်း/အမှုထမ်းများအနေဖြင့်  ဗဟိုဘဏ်ဥပဒေနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေ၊ ညွှန်ကြား ချက်များ၊ ပြဋ္ဌာန်းချက်များနှင့်အညီ စိစစ်ကြပ်မတ် ရန်လိုကြောင်း၊ Onsite Examination Manual ပါ Risk-based Supervision နည်းလမ်းများ၊ Offsite မှရရှိသည့်   သတင်းအချက်အလက်များနှင့်    ပြင်ပ စာရင်းစစ်အစီရင်ခံစာများအရ စစ်ဆေးပြီး  စစ်ဆေး ထားသည့်    အစီရင်ခံစာများက     ကြန့်ကြာမှုမရှိ စေဘဲ    သက်ဆိုင်ရာငွေရေးကြေးရေးအဖွဲ့အစည်း များကို    ဖြန့်ဝေအသိပေးသွားရန်   လိုအပ်ကြောင်း မှာကြားသည်။


ဆက်လက်၍ ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေး ရေးဌာနမှ  ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ်တို့က Onsite Team ဖွဲ့စည်းထားမှု အခြေ အနေ၊ ငွေရေးကြေးရေး အဖွဲ့အစည်းများအား Onsite စစ်ဆေးပြီးသည့် အခြေအနေ၊ ဆက်လက်စစ်ဆေး မည့် Onsite Examination  Plan များကို တင်ပြ ဆွေးနွေးခဲ့ပြီး    ညွှန်ကြားရေးမှူးများက   ၎င်းတို့ စစ်ဆေးပြီးသည့် ငွေရေးကြေးရေး အဖွဲ့အစည်းများ နှင့် ဆက်လက်စစ်ဆေးမည့် ငွေရေးကြေးရေး အဖွဲ့ အစည်းဆိုင်ရာများကိုတင်ပြရာ   မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက   လိုအပ်သည်များ   ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရသည်။     
           

သတင်းစဉ်