မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် ယုံကြည်စိတ်ချရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သကဲ့သို့ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် ယုံကြည်စိတ်ချရသည့် နိုင်ငံတစ်နိုင်ငံဖြစ်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ အတွင်းရေးမှူးချုပ်ရုံးအဖွဲ့ဝင်၊ 
နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ 
 

နေပြည်တော် အောက်တိုဘာ ၃၁


နိုင်ငံတော်    စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ    နိုင်ငံတော် ဝန်ကြီးချုပ်      ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်    တရုတ် ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ် ပါတီဗဟိုကော်မတီ၏ အတွင်းရေး မှူးချုပ်ရုံး  အဖွဲ့ဝင်၊   နိုင်ငံတော် ကောင်စီဝင်နှင့်  ပြည်သူ့လုံခြုံရေး ဝန်ကြီးH.E. Mr. Wang  Xiaohong ဦးဆောင်သော  ကိုယ်စားလှယ် အဖွဲ့ကို   ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌရုံး   သံတမန်ဆောင်   ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


အဆိုပါတွေ့ဆုံပွဲသို့  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး    ရဲဝင်းဦး၊ ကောင်စီဝင်နှင့်       ပြည်ထဲရေး ဝန်ကြီးဌာန     ပြည်ထောင်စု ဝန်ကြီး   ဒုတိယဗိုလ်ချုပ်ကြီး   ရာပြည့်၊  လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အား    ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလွင်ဦးတို့ တက်ရောက် ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊    ကွန်မြူနစ်ပါတီ   ဗဟိုကော်မတီ၏ အတွင်းရေးမှူးချုပ်ရုံး   အဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့ လုံခြုံရေးဝန်ကြီးနှင့်အတူ  မြန်မာ နိုင်ငံဆိုင်ရာ   တရုတ်နိုင်ငံ   သံ အမတ်ကြီး H. E. Mr. Chen Hai နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။          


 တိုးတက်ကောင်းမွန်လျက်ရှိ

                                                                                                          
ထိုသို့တွေ့ဆုံရာတွင်  မြန်မာ နိုင်ငံသည်   တရုတ်နိုင်ငံအတွက် ယုံကြည်စိတ်ချရသည့်    နိုင်ငံ တစ်နိုင်ငံဖြစ်သကဲ့သို့    တရုတ်နိုင်ငံ သည်        မြန်မာနိုင်ငံအတွက် ယုံကြည်စိတ်ချရသည့်       နိုင်ငံ တစ်နိုင်ငံဖြစ်သည့်    အခြေအနေ များ၊  နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှုနှင့်   သံတမန်ဆက်ဆံမှု များ တိုးတက်ကောင်းမွန်လျက်ရှိ သည့်   အခြေအနေများ၊    မြန်မာ နိုင်ငံ၏      အရှေ့မြောက်ပိုင်းဒေသ တွင်   MNDAA  သောင်းကျန်းသူ များက      နယ်မြေတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်   ရည်ရွယ်၍ လုံခြုံရေးစခန်းများအား     တိုက် ခိုက်မှုများ    ဆောင်ရွက်လာသည့် အခြေအနေများ၊     လောက်ကိုင် ဒေသတွင် ကိုယ်ကျိုးစီးပွားအတွက် အွန်လိုင်း     လောင်းကစားများ၊ ဆက်သွယ်ရေး    လိမ်လည်မှုများ၊ မူးယစ်ဆေးဝါး    ထုတ်လုပ်မှုနှင့် ရောင်းဝယ်မှုများ  ဆောင်ရွက်နေမှု များအား        နှစ်နိုင်ငံပူးပေါင်း၍ ဖော်ထုတ်အရေးယူ    ဆောင်ရွက် သွားမည့် အခြေအနေများ၊ မြန်မာ့ နိုင်ငံရေးအပါအဝင်    အခြားကမ္ဘာ့ နိုင်ငံအရေးများ၌    ကမ္ဘာ့အင်အား ကြီးနိုင်ငံတစ်ခုမှ        ဝင်ရောက် စွက်ဖက်၍ ၎င်းတို့နိုင်ငံ၏  အကျိုး အတွက်သာကြည့်ပြီး   အခြားနိုင်ငံ များအပေါ်    Double Standard ဖြင့်     ခြယ်လှယ်ဆောင်ရွက်နေ သည့် အခြေအနေများ။


ဆွေးနွေး


ရှမ်းပြည်နယ်   မြောက်ပိုင်း ဒေသသည် မြန်မာနိုင်ငံ လွတ်လပ် ရေး        ရရှိပြီးချိန်ကတည်းက တိုင်းရင်းသားအဖွဲ့များ   အချင်း ချင်း  အားပြိုင်မှုများဖြစ်ပေါ်ကာ တိုင်းရင်းသား    လက်နက်ကိုင် ပဋိပက္ခများဖြစ်ပေါ်ခဲ့မှု၊     အချို့ တိုင်းရင်းသား  လက်နက်ကိုင်အဖွဲ့ များအနေဖြင့်     အဆိုပါဒေသ အတွင်း မူးယစ်ဆေးဝါးများ ထုတ် လုပ်ရောင်းချလျက်ရှိမှု၊   ကိုးကန့် ဒေသအတွင်း “ဖုန်” / “ရန်”အဖွဲ့တို့ အရေးအခင်း ဖြစ်ပွားခဲ့မှု၊ “ပယ်” အဖွဲ့အား     တာဝန်ပေးအပ်ခဲ့မှု၊ အာဏာရလိုမှု၊  လက်နက်ခဲယမ်း များ  ထုတ်လုပ်နေမှု၊  လက်နက် ခဲယမ်းများ    ဝင်ရောက်မှုများ ကြောင့် ဒေသတွင်းနှင့်  နယ်စပ် ဒေသ      တည်ငြိမ်အေးချမ်းရေး ကို   ထိခိုက်ပျက်စီးစေလျက်ရှိမှု၊ နယ်စပ်ဒေသတွင်    တရားမဝင် အွန်လိုင်း လောင်းကစားမှုများနှင့် ဆက်သွယ်ရေး    လိမ်လည်မှုများ ဖြစ်ပေါ်လျက်ရှိမှုတို့ကို    ထိထိ ရောက်ရောက် တင်းတင်းကျပ်ကျပ်  အရင်းအမြစ်မှစ၍  နှိမ်နင်းဖော် ထုတ် ဆောင်ရွက်သွားမည့် အခြေ အနေများ၊ အဆိုပါ ဒေသအတွင်းရှိ ဥပဒေနှင့်      ညီညွတ်မှုမရှိသည့် လုပ်ငန်းများကို   စိစစ်ဖော်ထုတ် သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံ ပူးတွဲ   တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအဖွဲ့    ဖွဲ့စည်းနိုင်ရေး အခြေအနေများနှင့်    ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ    အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ     ကွန်မြူနစ် ပါတီ   ဗဟိုကော်မတီ၏   အတွင်း ရေးမှူးချုပ်ရုံးအဖွဲ့ဝင်၊ နိုင်ငံတော် ကောင်စီဝင်နှင့်   ပြည်သူ့လုံခြုံရေး ဝန်ကြီးတို့သည်        အမှတ်တရ လက်ဆောင်ပစ္စည်းများ   အပြန် အလှန်ပေးအပ်ကြပြီး တက်ရောက် လာကြသူများနှင့်အတူ    စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ   ရိုက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်