အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးဟာ ဝါရင့်အနုပညာရှင်ကြီးတွေအနေနဲ့ မျိုးဆက်သစ်တွေကို အနုပညာအမွေတွေ လက်ဆင့်ကမ်းပေးတဲ့ ပွဲကြီးတစ်ခုလို့ မြင်မိပါတယ်

 

မြန်မာ့ရိုးရာယဉ်ကျေးမှု သုခုမအမွေအနှစ်များကိုဖော်ထုတ်နိုင်ရန်နှင့် လူငယ်မျိုးဆက်သစ်များကို နိုင်ငံနှင့်လူမျိုး၊ အမျိုးသားယဉ်ကျေးမှုတို့၏ဂုဏ်သိက္ခာကို အလေးထားတန်ဖိုးထား ထိန်းသိမ်းရန်အတွက် (၂၄)ကြိမ် မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နေပြည်တော်တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပလျက်ရှိရာ အဆိုပါပြိုင်ပွဲသို့  ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ပြိုင်ပွဲဝင်များနှင့်တွေ့ဆုံ၍ ၎င်းတို့၏ရင်တွင်းခံစားချက်များကို မေးမြန်းဖော်ထုတ်ရေးသားတင်ပြလိုက်ရပါသည်။

ဦးစန်းကို (တိုင်းရင်းသားရေးရာဝန်ကြီး-ကရင်ပြည်နယ်)
ကျွန်တော်က အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှာ   ကရင်ပြည်နယ်   အဖွဲ့ ခေါင်းဆောင်အဖြစ်  တာဝန်ယူထားပါ တယ်။ ကျွန်တော်တို့ ပြည်နယ်က (၂၄)ကြိမ်မြောက် ပြိုင်ပွဲကြီးမှာ ပြိုင်ပွဲဝင် စုစုပေါင်း ၁၇၄ ဦး  ပါဝင်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။  ပြည်နယ်အဆင့်   အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို စက်တင် ဘာလ ၉ ရက်နဲ့ ၁၀ရက်မှာ  ကျင်းပပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။  ဗဟိုပြိုင်ပွဲဝင်မယ့် အဖွဲ့တွေကို အချိန်တစ်လခန့် စခန်းသွင်း လေ့ကျင့်ခဲ့ပါတယ်။   ဒီနှစ်မှာ   အက၊ အရေး၊  အတီးကို   ပိုပြီးပြင်ဆင်ခဲ့တဲ့ အတွက် ဆုများစွာရရှိမယ်လို့ မျှော်မှန်း ထားပါတယ်။    ကျွန်တော်တို့အနေနဲ့ ဇာတ်တော်ကြီးကလွဲလို့ ကျန်တဲ့ပြိုင်ပွဲ ဝင်ဘာသာရပ်အားလုံးကို ပါဝင်ယှဉ်ပြိုင် တာဖြစ်ပါတယ်။   ဒီနှစ်   ပြိုင်ပွဲကြီးမှာ ထူးခြားချက်အနေနဲ့ ရုပ်စုံသဘင်ပြိုင်ပွဲ ကို ပါဝင်ယှဉ်ပြိုင်ထားပါတယ်။ 
အခုလို အဆို၊အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ကျင်းပခြင်းအားဖြင့် မြန်မာ တို့ရဲ့ ယဉ်ကျေးမှုအနုပညာ၊ အနုသုခုမ ပညာတွေကို      လူငယ်တွေအတွက် လက်ဆင့်ကမ်းထိန်းသိမ်းတယ်လို့ မြင်မိ ပါတယ်။ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးဟာ ဝါရင့်အနုပညာရှင်ကြီးတွေ အနေနဲ့ မျိုးဆက်သစ်တွေကို   အနုပညာ အမွေတွေ လက်ဆင့်ကမ်းပေးတဲ့ ပွဲကြီး တစ်ခုလို့ မြင်မိပါတယ်။ ကျွန်တော်တို့က လူငယ်တွေကို အသီးသီးသော  တာဝန် တွေကို အချိန်တန်ရင် ပခုံးပြောင်းလွှဲပေး ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အနုပညာကို လည်း လွှဲပြောင်းအမွေဆက်ခံခြင်းအား ဖြင့်   မြန်မာ့ရိုးရာယဉ်ကျေးမှုတွေဟာ   ကမ္ဘာတည်သရွေ့  တည်တံ့နေမှာဖြစ် ကြောင်း ပြောကြားလိုပါတယ်။ 
ဦးဌေးအောင်
(ဥပဒေချုပ် - ရန်ကုန်တိုင်းဒေသကြီး)
နိုင်ငံတော်အကြီးအကဲက    မြန်မာ့ ရိုးရာယဉ်ကျေးမှု     အမွေအနှစ်တွေ မပျောက်ပျက်အောင်   အဓိကရည်ရွယ်ပြီး ကျင်းပပေးတဲ့   ပြိုင်ပွဲကြီးဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးမှာ ရန်ကုန်တိုင်းဒေသကြီး အနေနဲ့  နှစ်စဉ်ဝင်ရောက်ယှဉ်ပြိုင်တာ ၂၄  နှစ်တိတိ  ရှိခဲ့ပြီဖြစ်ပါတယ်။   ဒီနှစ် ပြိုင်ပွဲကြီးမှာ    ဘာသာရပ်အားလုံးကို ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အဆိုပြိုင်ပွဲ မှာ ၂၄ ဦး၊ အကပြိုင်ပွဲမှာ ၁၄၆ ဦး၊ အရေး ပြိုင်ပွဲမှာ လေးဦးနဲ့   အတီးမှာ  ၂၁၄  ဦး စုစုပေါင်း ၃၈၈ ဦးက ဘာသာရပ်အားလုံး မှာ   ဝင်ရောက်ယှဉ်ပြိုင်နေကြပါတယ်။ ပြိုင်ပွဲဝင်သူတိုင်းက ငါးနှစ် အရွယ် ကလေး မှစပြီး   ဝါသနာရှင်   ပထမတန်းအထိ အသက်အရွယ်မျိုးစုံ   ပါဝင်ကြပါတယ်။ မျိုးဆက်သစ်   လူငယ်လေးတွေလည်း ပါဝင်သလို    ရွက်ပုန်းသီးပညာရှင်တွေ လည်း အများကြီးပါဝင်ပါတယ်။ 
ကျွန်တော်တို့တိုင်းဒေသကြီးအနေနဲ့ (၂၃)ကြိမ်မြောက်တုန်းက  ရွှေတံဆိပ်ဆု ၇၉ ဆုနဲ့ ပထမရရှိခဲ့တာ  ဖြစ်ပါတယ်။ ဒီနှစ်မှာလည်း     ယမန်နှစ်ကအတိုင်း အလားတူ  ရွှေတံဆိပ်တွေရရှိဖို့အတွက် လေ့ကျင့်ရေးစခန်းသွင်းပြီး ကြိုးစားထား ပါတယ်။ ဒီနှစ်အတွက်လည်းပဲ ယမန်နှစ် ကထက်  ရွှေတံဆိပ်ဆုတွေ  ရရှိမယ်လို့ မျှော်မှန်းထားပါတယ်။    ကျွန်တော်တို့ အနေနဲ့ ဒီနှစ်ပြိုင်ပွဲကြီးမှာ တိုင်းဒေသကြီး ဂုဏ်နဲ့    နိုင်ငံ့ဂုဏ်ဆောင်နိုင်ဖို့ ကြိုးစား ထားပါတယ်။ 
ဒါ့အပြင် ယဉ်ကျေးမှုကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်မယ့် အမျိုးကောင်း သား၊ အမျိုးကောင်းသမီးတွေ၊  လူငယ် မျိုးဆက်သစ်တွေ၊  ရွက်ပုန်းသီးပညာရှင် တွေက ယခုနှစ်တွင်သာမက  နောင်နှစ် တွေမှာလည်း   ဆက်လက်ယှဉ်ပြိုင်နိုင် အောင်  ကြိုးစားသွားမှာ   ဖြစ်ပါတယ်။ ယဉ်ကျေးသောစိတ်သည် ချမ်းသာခြင်း ကို ဆောင်ရွက်နိုင်၏ဆိုတဲ့ အဆိုအမိန့်နဲ့ အညီ ယဉ်ကျေးသိမ်မွေ့ပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို      ထိန်းသိမ်းနိုင်မယ့် မျိုးဆက်သစ်တွေအားလုံးဟာ နိုင်ငံ့တာဝန် ကို ယဉ်ကျေးမှုကဏ္ဍကနေ တစ်တပ်တစ် အား ဆက်လက်ဆောင်ရွက်သွားနိုင်အောင် ကြိုးစားသွားပါမယ်လို့ ပြောချင်ပါတယ်။ 
ဦးသက်ဆွေ(အကဲဖြတ်ပညာရှင်)
ကျွန်တော်က မဟာဂီတအဆိုပြိုင်ပွဲ မှာ အကဲဖြတ်အဖွဲ့ဝင်အဖြစ် တာဝန်ယူ ထားပါတယ်။ ဒီမဟာဂီတအဆိုပြိုင်ပွဲမှာ အမှတ်ပေးစည်းမျဉ်း      ငါးရပ်ရှိပါတယ်။ မူရင်းအတိုင်း  သီဆိုနိုင်ရမယ်၊   ဆိုနည်း ဆိုဟန်၊  အဆိုနည်းစနစ်   မှန်ကန်ရမယ်၊ စည်းဝါးကို   ကိုယ်တိုင်တီးခတ်ပြီး သီဆို ရမယ်၊ သီဆိုနေချိန်မှာ   နားထောင်တဲ့ ပရိသတ်ရဲ့ ရင်ထဲမှာ ခံစားမှုဖြစ်ရမယ်၊ ပင်ကိုသံက ဘယ်လိုရှိသလဲ၊ အဲဒီအချက် တွေကိုအခြေခံပြီး အမှတ်ပေးရပါတယ်။ အဆို၊ အက၊ အရေး၊ အတီး    ပြိုင်ပွဲကြီး ကျင်းပပေးတာဟာ  အင်မတန်   အကျိုး သက်ရောက်ပါတယ်။   ကျွန်တော်တို့ရဲ့ ဂီတဟာ နှစ်ပေါင်းရာချီကတည်းက ရှိနေ ခဲ့တာ  ဖြစ်ပါတယ်။     ကျွန်တော်တို့က အသက်တွေကြီးလာတဲ့အခါ  မျိုးဆက်သစ် တွေကို လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပြိုင်ပွဲကြီးကနေ ပညာအမွေ တွေရရှိသွားမှာဖြစ်တဲ့အတွက်   အမျိုး သားယဉ်ကျေးမှု    အမွေအနှစ်တွေကို လက်ဆင့်ကမ်းလွှဲပေးလိုက်တဲ့ သဘောပဲ ဖြစ်ပါတယ်။ 
ဒီလိုပြိုင်ပွဲကြီးတွေ    ကျင်းပပေးတဲ့ အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ မှာရှိတဲ့ ရွက်ပုန်းသီးလေးတွေကလည်း စိတ်ဝင်စားလာကြပါတယ်။ ဒီပြိုင်ပွဲကြီး ကို   စိတ်ဝင်စားလာတဲ့အခါ  ကိုယ့်ရိုးရာ ယဉ်ကျေးမှုကို      ထိန်းသိမ်းတတ်တဲ့   စိတ်ဓာတ်တွေပါလာမှာပဲ   ဖြစ်ပါတယ်။ အဲဒီလို       စိတ်ဓာတ်တွေပါလာခဲ့ရင် အနောက်နိုင်ငံက      ထိုးဖောက်လာတဲ့ နိုင်ငံခြားတေးဂီတတွေကို ကာကွယ်နိုင် မှာ ဖြစ်ပါတယ်။ ကိုယ့်ရိုးရာ၊ ကိုယ့်ဂီတကို ချစ်မြတ်နိုးရင်   အခြားနိုင်ငံကဂီတတွေ ဝင်ရောက်လာမှု လျော့နည်းသွားမယ်လို့ ထင်ပါတယ်။ ဒီပြိုင်ပွဲကြီးရှိနေတဲ့အတွက် မျိုးဆက်သစ်တွေက     မြန်မာ့ရိုးရာ ယဉ်ကျေးမှုတွေကို  ပိုပြီးသိရှိသွားမယ်၊ ရိုးရာဂီတကိုလည်း အလိုလိုထိန်းသိမ်းရာ လည်း ဖြစ်သွားမယ်လို့ ထင်ပါတယ်။ 
မောင်ချမ်းမင်းနိုင်(ကချင်ပြည်နယ်
ကိုယ်စားပြုပြိုင်ပွဲဝင်)
ကျွန်တော်က  ဒီနှစ်   အဆို၊ အက၊ အရေး၊  အတီးပြိုင်ပွဲမှာ    သုံးမျိုးပါဝင် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အခြေခံပညာ အသက် ၁၅  နှစ်နဲ့  ၂၀ နှစ်   အမျိုးသား စောင်းအတီးပြိုင်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင် ခဲ့ပြီးပါပြီ။ ဒီနေ့မှာ  အခြေခံပညာအသက် ၁၅ နှစ်နဲ့ ၂၀နှစ် စန္ဒရားအတီးပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ မနက်ဖြန် မှာ မဟာဂီတအဆိုပြိုင်ပွဲမှာ ဆက်လက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်က အသက် ၅နှစ်နဲ့ ၁၀ နှစ်ကတည်းက ပါဝင် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ အဆို၊ အက၊ အရေး၊ အတီးဗဟိုအဆင့် ပြိုင်ပွဲကိုတော့ (၂၃)ကြိမ်မြောက်မှ ဝင်ရောက်ယှဉ်ပြိုင် တာ ဖြစ်ပါတယ်။  ဗဟိုအဆင့်ကို  မနှစ် ကမှ စတင်ယှဉ်ပြိုင်တာဖြစ်တဲ့အတွက် ဆုတံဆိပ်တွေ   မရရှိခဲ့ပါဘူး။    အတွေ့ အကြုံအသစ်တွေ အများကြီးရရှိပါတယ်။ ဒီနှစ်ပြိုင်ပွဲကြီးမှာတော့   စန္ဒရားအတီး ပြိုင်ပွဲနဲ့  မဟာဂီတအဆိုပြိုင်ပွဲကို   ပိုပြီး အားရတဲ့အတွက် ရွှေတံဆိပ်မျှော်မှန်းထား  ပါတယ်။ အကောင်းဆုံးဖြစ်အောင်လည်း ကြိုးစားထားပါတယ်။ ဒီလို ပြိုင်ပွဲကြီးတွေ ကျင်းပပေးတဲ့အတွက် မျိုးဆက်သစ်တွေ ပေါ်ထွန်းလာပါတယ်။   ဒီလို   ပြိုင်ပွဲတွေမှာ တကယ်ပါဝင်ယှဉ်ပြိုင် ကြိုးစားကြည့်တဲ့ အခါ    နက်နဲသိမ်မွေ့မှုတွေကို      တွေ့ရ  ပါတယ်။     ဒါကြောင့်     လူငယ်တွေ အနေနဲ့  ခံစားကြည့်စေချင်ပါတယ်။  ဒီလို   နက်နဲသိမ်မွေ့မှုကို      ကိုယ်တိုင်ခံစား ကြည့်မှ   သိရမှာဖြစ်တယ်လို့   ပြောချင် ပါတယ်။ 
မောင်မိုးထက်အောင်(တနင်္သာရီ
တိုင်းဒေသကြီး ကိုယ်စားပြုပြိုင်ပွဲဝင်)
ကျွန်တော်က တနင်္သာရီတိုင်းဒေသကြီးကိုယ်စားပြုပြိုင်ပွဲဝင်အနေနဲ့ ဝါသနာ ရှင်အဆင့် ပထမတန်းအမျိုးသားအက ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အရင်တုန်းကလည်း  အဆို၊ အက၊ အရေး၊  အတီးပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပါ တယ်။ ငွေတံဆိပ်  နှစ်ကြိမ်   ရရှိခဲ့ဖူးပါ တယ်။ ဒီနှစ်အတွက်တော့ အကောင်းဆုံး ကြိုးစားထားတဲ့အတွက်  ရွှေတံဆိပ်ဆု မျှော်မှန်းထားပါတယ်။     ဒီပြိုင်ပွဲကြီး အတွက် ကြိုတင်ပြင်ဆင်မှုတွေ   အများ ကြီးရှိခဲ့ပါတယ်။ ဆရာတွေနဲ့ အဆိုပိုင်း ရော၊ အကပိုင်းရော အားလုံးအကောင်းဆုံး   ကြိုးစားထားပါတယ်။ ဒီလို   နိုင်ငံတော် အဆင့်ပြိုင်ပွဲကြီးကနေတစ်ဆင့် အကျိုး ကျေးဇူးတွေလည်း    အများကြီးရရှိခဲ့ပါ တယ်။  ၂၀၁၆   ပြိုင်ပွဲပြီးကတည်းက ပြိုင်ပွဲတွေ မကျင်းပခဲ့ရတာ အတော်ကြာ ပါပြီ။  မနှစ်က   ပြန်လည် စတင်ကျင်းပပေး ခဲ့တဲ့အတွက် နောင်နှစ် တွေမှာလည်း နှစ်စဉ် ကျင်းပပေးစေချင်ပါတယ်။  


မစန်းစန်းဌေး(ရခိုင်ပြည်နယ် 
ကိုယ်စားပြုပြိုင်ပွဲဝင်)
ကျွန်မက အခြေခံပညာ အသက် ၁၀ နှစ်နဲ့ ၁၅ နှစ် အကပြိုင်ပွဲမှာ ရခိုင်ပြည်နယ် ကိုယ်စားပြုနဲ့ ပါဝင်ယှဉ်ပြိုင်တာ ဖြစ်ပါ တယ်။ ကျွန်မက အကပညာကို ငယ်ငယ် လေးကတည်းက  ဝါသနာပါခဲ့တာဖြစ်ပါ တယ်။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို (၂၃)ကြိမ်မြောက်က ပါဝင်ယှဉ်ပြိုင်ခဲ့ပေ မယ့် ခရိုင်အဆင့်မှာ ဒုတိယဆုရရှိခဲ့လို့ ဗဟို အဆင့်အထိ မရောက်ခဲ့ပါဘူး။ ဗဟိုအဆင့် ကိုရောက်တာ ဒီနှစ်က ပထမဆုံးဖြစ်ပါ တယ်။  ဆုတံဆိပ်ကိုတော့   ရွှေ တံဆိပ်ဆု မှန်းထားပါတယ်။    အကောင်းဆုံးဖြစ် အောင်လည်း    ကြိုးစားထားပါတယ်။ အခုလိုပြိုင်ပွဲကြီးတွေ    ကျင်းပပေးလို့   ပျော်ပါတယ်။  တိုင်းရင်းသားပေါင်းစုံနဲ့ တွေ့ခွင့်ရလို့ ပျော်ရွှင်ဝမ်းမြောက်မိသလို ဗဟုသုတတွေလည်း အများကြီးရရှိပါ တယ်။  ကျွန်မလိုဝါသနာပါတဲ့ သူငယ်ချင်း တွေကိုလည်း ပါဝင်ယှဉ်ပြိုင်စေချင်ပါတယ်။
မောင်မြတ်မင်းခေါင်(ရခိုင်ပြည်နယ် 
ကိုယ်စားပြုပြိုင်ပွဲဝင်)
ကျွန်တော်က အဆင့်မြင့်ပညာအဆင့် မဟာဂီတနဲ့ ကာလပေါ်   အဆိုပြိုင်ပွဲမှာ ရခိုင်ပြည်နယ်     ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။ မဟာဂီတ အဆိုကို ငယ်ငယ်လေးကတည်းက အိမ် မှာ အဖေ သီဆိုတာကြားပြီး စိတ်ဝင်စားခဲ့ တာ ဖြစ်ပါတယ်။ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲမှာ  ဝင်ရောက်ယှဉ်ပြိုင်ရတဲ့ အတွက်ပညာတွေလည်း အများကြီးရရှိ စေပါတယ်။ ဆရာတွေရဲ့ သင်ကြားပြသမှု တွေနဲ့အတူ ပညာ၊ ဗဟုသုတတွေလည်း  ပိုပြီးတိုးတက်ပါတယ်။     မြန်မာ့ရိုးရာ ယဉ်ကျေးမှုဂီတကိုလည်း ပိုပြီးချစ်မြတ်နိုး တဲ့စိတ်လည်း ဖြစ်မိပါတယ်။ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်အားလုံးမှာရှိတဲ့  မျိုးဆက် သစ်ဝါသနာရှင်တွေအားလုံး ဒီလိုပြိုင်ပွဲ ကြီးမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပြောချင်ပါတယ်။ ဒီလို   ပြိုင်ပွဲကြီးကျင်းပပေးတဲ့အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှုတွေ  မပျောက် ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်သလို ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ အလွန် ဝမ်းသာပါတယ်။ 
မောင်လျန်းထက်စိုး
(ကချင်ပြည်နယ် ကိုယ်စားပြုပြိုင်ပွဲဝင်)
ကျွန်တော်ကတော့   အခြေခံပညာ အဆင့် အသက်၁၀နှစ်နှင့် ၁၅နှစ် အခြေခံ ကာလပေါ်အဆိုပြိုင်ပွဲမှာ အရွယ်သုံးပါး သီချင်းနဲ့ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ သီချင်းအပေါ်မှာ ကျေနပ်အားရပါတယ်။ ကျွန်တော် ပိုင်နိုင်တဲ့ သီချင်းကျတဲ့အတွက် အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ဒီပြိုင်ပွဲကို ပထမဆုံးအနေနဲ့ ပါဝင်ယှဉ်ပြိုင် တာ ဖြစ်ပါတယ်။  ကျွန်တော့်ယှဉ်ပြိုင်မှု အတွက် ပထမ၊   ဒုတိယနဲ့   တတိယဆု တစ်ခုခုရရင်  ကျေနပ်ပါတယ်။   သီချင်း ဆိုရတာကို ငယ်ငယ်ကတည်းက စိတ်ဝင် စားခဲ့တာ  ဖြစ်ပါတယ်။    ဒီပြိုင်ပွဲကြီး အတွက် ကျွန်တော်အများကြီး ကြိုးစား ထားပါတယ်။ 


တွေ့ဆုံမေးမြန်း - အေးအေးသန့်
ဓာတ်ပုံ - အောင်ရဲသွင်